ep20

299 39 1
                                    

'' မုန်လာဥနီစားရင်ကောင်းမလား ၊ ကန်စွန်းဥစားရင်ကောင်းမလား....''

တောနက်ရဲ့တနေရာမှာ မီးမွှေးထားပြီး
မီးပုံရဲ့ဘေးမှာထိုင်ကာ
အရက်သောက်နေသောသူတို့၊
ညလေကအေးတာကြောင့် ဒေသထွက်အရက်လေးသောက်လိုက်တဲ့အချိန်မှာနွေးနွေးလေးခံစားရသည်၊

ဒေသထွက်အရက်ကအတော်ပြင်းထားကြောင့် အနှီကောင်လေးမှာယနေ့ညတော့မူးနေလေပြီ၊ သောက်လက်စအရက်ခွက်ကိုဘေးမှာချကာ မုန်လာဥနီဖုတ်ရန်အတွက်ရွေးနေလေသည်၊ မျက်လုံးကလယ်ကလယ်ဖြင့်ပါးတွေလည်းနီရဲလို့.....၊

ဂျောင်ဂုကမူ လည်ပင်းပိတ်အနွေးထည်ကြီးကိုဝတ်ထားပြီး မီးလှုံနေသည်၊

'' ကန်စွန်းဥပဲစားရမယ်....''

ပြောနေရင်း ကန်စွန်းဥကို မီးပုံထဲပစ်ထည့်လိုက်လေကာ ဒူးနှစ်ဖက်ကိုစုပြီးထိုင်ကြည့်နေလေသည်၊ အတော်လေးမူးနေပြီဖြစ်ပြီး
စိတ်နဲ့ကိုယ်နဲ့ကပ်ဟန်မတူ၊

'' မူးနေပြီမလား တဲထဲသွားအိပ်တော့...''

''မဟုတ်ဘူး ငါမမူးသေးဘူး''

'' ဒါဘယ်လောက်လဲ ''

လက်နှစ်ချောင်းကိုထိုကောင်လေးရှေ့ထောင်ပြလိုက်တော့

'' လှုပ်ရမ်းမနေနဲ့လေ သေချာမမြင်ရဘူး တည့်တည့်ထား......ပြစမ်း ကြည့်ကြည့်ရအောင်''

ပြောရင်း မိမိလက်ကိုဆွဲယူကာသေချာကြည့်နေသည်၊ သူ၏လက်သေးသေးလေးနဲ့မိမိလက်တဖက်ကိုဆုပ်ကိုင်ကာလေးနက်စွာကြည့်နေလေသည်၊

'' တစ်... နှစ်....သုံး....၊ အာ သုံးချောင်း ဟုတ်တယ် သုံးချောင်း''

''တော်တော်မူးနေတာပဲ ထ ၊ တဲထဲသွားနားတော့''

'' မသွားဘူး ငါမအိပ်ချင်သေးဘူး ငါထိုင်အုန်းမှာ''

''ဘာလို့ပြောရခက်နေတာလဲ''

'' ဒီတိုင်း.... ဒီတိုင်းလေးနေချင်လို့''

အလေးအနက်ပြောနေသည့်ပမာ ၊

''ထိုင်ချင်ရင်လည်းထိုင် ၊မအိပ်နဲ့''

ဂျောင်ဂုလည်းဒီတိုင်းသာထိုင်ခိုင်းထားသည်၊ခြင်ကိုက်မည်စိုးရသဖြင့် စပရေးခနခန
ဖြန်းပေးရသေးသည်၊အနှီ​လူသားကတော့ဘာမှမသိပဲ မီးပုံကိုသာကြည့်ကြည့်နေလေသည်၊

My Gorgeous BoyfriendWhere stories live. Discover now