အခန်း၈
'' ဒီည ဆရာ ပြန်ရောက်မယ် ၊ သခင်လေးသေချာပြုမူနေထိုင်ရင်ကောင်းမယ် ၊အရင်နေ့ကလိုကျောင်းပြေး တာမျိုးမလုပ်ပဲနဲ့..။''
ဧည့်ခန်းမှာ သူထိုင်နေတုန်း ထိုက်ဖုန့်က
သူ့အခန်းထဲကနေထွက်လာပြီးတကူးတကကိုလာပြောနေသည်။
မင်ယွန်ဂီကတော့ ဧည့်ခန်းမှာထိုင်ပြီးဥပဒေ
စာအုပ်တအုပ်ကိုဖတ်နေသည်။'' အိုကယ် ၊ တိတ်တိတ်လေးငါ့အခန်းထဲမှာနေနေမယ် အဲ့လိုဆိုဖြစ်တယ်မလား ''
ထိုင်နေတဲ့ယွန်ဂီက ထိုက်ဖုန့်ကိုမော့ကြည့်ပြီးပြောလိုက်သည်။
ထိုက်ဖုန့်ကလည်း ဘောင်းဘီအိတ်ကပ်ထဲလက်လျိုကာ ခေါင်းတငြိမ့်ငြိမ့်နဲ့ထိုနေရာကထွက်သွားလေသည်။ယွန်ဂီလည်းအနည်းအကျဥ်းတော့ဒီအိမ်ကလူတွေအကြောင်းကိုသိထားနှင့်ပါပြီ။
ဂျွန်ဂျောင်ဂုဆိုတာက နာမည်ကြီးတယောက်ပဲမဟုတ်လား?အနောက်တိုင်းအဖွဲ့အစည်းကလာတဲ့
ကုမ္ပဏီခွဲတခုကိုအုပ်ချုပ်နေရပြီး
ဖုံးကွယ်ထားတဲ့ လုပ်ငန်းတို့ရှိသည်ဟုလည်းသိရသည်။ ချမ်းသာတဲ့ လုပ်ငန်းရှင်တွေ လူကောင်းကြီးပဲတော့ဘယ်ဖြစ်နိုင်မလဲ?အခုကောင်လေးနဲ့လည်းညီအကိုအရင်းမဟုတ်ပါ။ ဘယ်ကနေဘယ်လိုအတူရှိနေကြမှန်းမသိ။ ဆက်ဆံရေးတော့အတော်ကျဲမည်မှန်းသိရသည်။ ကိုယ်ရံတော်ကောင်တောင် ဒီကောင်လေးအပေါ်လေးစားမှုမရှိတာ။
ဖတ်လျက်စဥပဒေစာအုပ်ကိုပိတ်လိုက်ပြီး
အိမ်အပေါ်ထပ်ကိုတက်သွားလိုက်တယ်။
အထက်တန်းနောက်ဆုံးနှစ်ပြီးသည်နဲ့
ဥပဒေကျောင်းတက်ရန်ရည်ရွယ်ထားသည်။သူ၏ပန်းတိုင်ရောက်ဖို့ရန်အတွက်
နောက်တကြိမ်ရှေ့နေတယောက်ဖြစ်လာဖို့လိုအပ်သည်။
ဒီကောင်လေးအကြောင်းသေချာနှံ့စပ်သိအောင်လည်းသူကြိုးစားရအုန်းမည်။
သူများပစ္စည်းတွေကိုင်ရတာ ယွန်ဂီမနှစ်သက်ပါချေ။သို့သော်လည်း ဒီတိုင်းဆက်နေလို့မှမဖြစ်တော့ပဲ။အိမ်ပေါ်ထပ် သူ၏အခန်းကိုရောက်တော့
စာရေးစားပွဲ ၊ အံဆွဲမှ daily book လေးကိုဆွဲထုတ်လိုက်သည်။ဒီစာအုပ်ကိုသူမြင်ခဲ့တာကြာပြီပေါ့ ဖတ်မကြည့်ချင်ရုံလေးသာ။
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.