EP28

279 27 1
                                    

အထက်တန်းကျောင်းပိတ်ကာလ၊နွေရာသီ၌.....

နွေရာသီအချိန်တုန်းကဖြစ်တယ်၊
ကျွန်တော်နဲ့ဟွမ်ဒုံနဲ့အတူတူ ပန်းချီစတူဒီယိုတခုမှာ စာရင်းပေးထားခဲ့တယ်၊
ဟွမ်ဒုံက ပန်းချီသိပ်မကြိုက်ပေမယ့်ကျွန်တော်ကအတင်းတောင်းဆိုလို့အတူတူလာကြတယ်၊ စာရင်းအတူသွင်းထားပေမယ့်
ဟွမ်ဒုံကစတူဒီယိုမှာကျွန်တော့်ကိုထားခဲ့ပြီး
သူကတော့ သူ့ကလေးမနဲ့သွားတွေ့တယ်၊

အဲ့နေ့ကတော့အတော်လေးပူတဲ့နေ့ပဲ၊
ပန်းချီစတူဒီယိုမှာက လူသိပ်ပြီးမလာဘူး၊
ကျောင်းပိတ်ရက်တွေမှာ ကျွန်တော့်ရဲ့ခြေလှမ်းတွေကအဲ့နေရာကိုပဲထပ်ထပ်ခါခါသွားဖြစ်တယ်၊ အကြောင်းပြချက်လေးကတော့ ထိုတဦးတည်းသောသူကြောင့်ပေါ့၊

ကျွန်တော်တဖက်သတ်သဘောကျနေတဲ့လူတယောက်ရှိတယ်၊ သူကကျွန်တော်နဲ့တူတဲ့ကောင်လေးတယောက်ပါပဲ၊အသားဖြူဖြူ၊အရပ်ကကျွန်တော့်ထပ်တော့ပုမယ်ထင်ပါရဲ့၊ဆံပင်အုပ်အုပ်လေးနဲ့၊ပိတ်ရက်တိုင်းကဘုရားကျောင်းကိုလာပြီး ပီယာနိုတီးလျက်ရှိတယ်၊

စတူဒီယိုကစစ်စတာရဲ့ပြောပုံအရတော့
အဲ့ကောင်လေးကမိဘမဲ့တဲ့၊ သူ့အမေကသူ့ကိုဒီကျောင်းမှာတယောက်တည်းထားခဲ့တယ်တဲ့လေ၊ အဲ့ကောင်လေးကိုမြင်လိုက်တဲ့အမြဲတမ်း စိတ်မသက်မသာဖြစ်နေတဲ့ရုပ်နဲ့
ပီယာနိုရှေ့မှာထိုင်လိုက်၊ ဘုရားကျောင်းအနောက်ဘက်က ရေအိုင်ဘေးမှာထိုင်နေလိုက် ၊ အမြဲတမ်းတယောက်တည်းပဲတွေ့နေရတယ်၊

အဲ့အချိန်တုန်းကကျွန်တော့်အဖေက စိတ်ဆရာဝန်တယောက်အနေနဲ့ဆိုးလ်မှာအခြေချနေခဲ့တယ်၊ ပတ်ထရစ်ကကိစ္စတခုကြောင့်စိတ်ဆရာဝန်တယောက်လိုအယောင်ပြနေခဲ့တာပေါ့၊ဒါကိုဂျောင်ဂုသိနေပေမယ့်ဘာမှဝင်မပြောပါဘူး၊

တနေ့တော့ စတူဒီယိုကနေအပြန်
ဘုရားကျောင်းဘေးကနေဖြတ်သွားတော့
အဲ့ကောင်လေးကိုတွေ့လိုက်ရတယ်၊ရေအိုင်ဘေးနားကသစ်သားခုံပေါ်မှာထိုင်ပြီးငိုင်နေလေရဲ့၊

ဂျောင်ဂုလည်းဒီချိန်အိမ်မပြန်ချင်သေးတာကြောင့် ထိုကောင်လေးရဲ့ဘေးမှာသွားထိုင်လိုက်တယ်၊ သူတို့ကြားမှာခြောက်ပေလောက်တော့ကွာခြားနေလိမ့်မည်၊
ဂျောင်ဂုဘေးမှာသွားထိုင်လိုက်တော့ထိုကောင်လေးကအိတ်ကပ်ထဲကနေစီးကရက်ထုတ်ပြီးမီးညှိရန်ကြိုးစားနေသည်၊အထက်တန်းကျောင်းသားတယောက်ကဆေးလိပ်သောက်ဖို့ပြင်နေတာကိုမြင်ရတာပထမဆုံးတော့မဟုတ်ဘူးပေါ့၊
မီးညှိဖို့ကြိုးစားပေမယ့်မီးခြစ်ကနေမီးကထွက်မလာတော့ထိုကောင်လေးဆီကနေကျစ်တချက်စုတ်သံကြားရသည်၊

My Gorgeous BoyfriendWhere stories live. Discover now