ဆိုးလ်
အမတ်အင်ဆူယောလ်သည် စာဖတ်ခန်းတွင်တဦးတည်းထိုင်ကာ ကြိုးဖုန်းနဲ့ဖုန်းပြောနေသည်၊ အနည်းငယ်ဖြူလာသောဆံပင်မွေးတွေနဲ့ ဆံပင်ကိုအပေါ်ကိုသပ်တင်ထားသည်၊
အိုမင်းလာသည်ဟုထင်ရသော်လည်းချောမောနေသည့်ရုပ်ရည်ဖြစ်၏။လက်ဖက်ရည်စားပွဲသေးလေးပေါ်မှာ
အခါးရည်ခွက် တခွက်ကလည်းရှိနေသည်၊သူအစဥ်အမြဲသောက်လျက်ရှိသောအခါးရည်ဖြစ်သည်၊
'' ပြောပါဦး မောရိုကိုကကိစ္စကိုငါ့ကိုကိုင်ခိုင်းတဲ့အကြောင်းအရင်းလေး''
''(ကျုပ်ကိုယ်တိုင်လုပ်ရင် ခနလေးအတွင်းဂျွန်သိသွားမှာပေါ့ ၊ စိတ်ချပါ ခင်များအတွက်အကျိုးအမြတ်ရှိပါတယ်) ''
'' မင်းတို့နှစ်ယောက်ကြားမှာဘာကိစ္စတွေပဲ ဖြစ်နေဖြစ်နေ ငါ့အပူမဟုတ်တာကြောင့်
ငါ့ရပိုင်ခွင့် ငါရပြီးတာနဲ့ လက်ရှောင်နေမှာနော် ''''(ခင်များအကြောင်းကျုပ်မသိတာကျလို့ဗျာ
ဟုတ်ပါပြီ ခင်များလိုချင်တဲ့ ရှေ့နေရုံးကိုကျုပ်ပေးမယ်.... ခင်များကတော့ကျုပ်အတွက်နောက်တခုလုပ်ပေးရအုန်းမယ်)'''' ပြော.... ၊ ခနလေး မင်းခိုင်းသမျှငါခေါင်းငြိမ့်ပေးနေလို့ခိုင်းဖက်တယောက်လိုမြင်နေလို့မရဘူးနော်.... အပေးအယူမျှနေသေးလို့သာမိတ်ဆွေတွေဖြစ်နေတာ.... ရေစက်ကုန်သွားတဲ့အချိန်ကျရင်တော့ ငါ့ပစ်မှတ်ကမင်းလည်းဖြစ်သွားနိုင်တယ် ''
အမတ်အင်ပြောတော့တဖက်ဖုန်းထဲကလူမှခပ်ဖွဖွလေးရယ်လှောင်နေသေးသည်၊
''( ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ )''
ထိုကောင်လေး၏အသံမှာအနည်းသြရှသည်၊အပြင်မှာတကြိမ်လောက်သာတွေ့ဖူးသေးသည်၊အင်ဆူယောလ်လိုချင်တဲ့အရာတွေကိုဒီကောင်ယူလာပေးနိုင်သည်၊သူမျှော်မှန်းထားတဲ့အရာတွေကနောက်ဆုံးရောက်လာတော့မယ်၊
သမ္မတလား? မဟုတ်ဘူး သမ္မတဖြစ်ချင်တာမဟုတ်ဘူး.... ၊
ကြိုးဖုန်းကိုချလိုက်ပြီး အခါးရည်ကိုတလုတ်ထပ်သောက်လိုက်ပြီးမှသူ၏အတွင်းရေးမှူးမလေးကိုခေါ်လိုက်သည်၊
YOU ARE READING
My Gorgeous Boyfriend
RomanceYoonkook fanfic Writer_ Just Fanfiction don't be serious.