unicode
.
.
." မနက်ဖြန် ေဆးရုံကဆင်းတာနဲ့ အိမ်လိုက်ခဲ့ပေးပါ "
ဆိုတဲ့ ကျန့်ယဲ့ယင်း စကားကြောင့် ရိပေါ်တို့တိုင်ပင်နေကြတယ် ။
"ချင်းချင်း ကတော့ ရိပေါ်လေးကိုသိပ်စိတ်မချချင်ဘူး ။
ဟို လူစိတ်မရှိတဲ့ ရှောင်းကျန့်ကပြောရတာမဟုတ်ဘူး ။
ထပ်အနိုင်ကျင့်ရင်ဘယ်လိုလုပ်မလဲ ""ချင်းချင်းကလဲ.."
ရိပေါ် ချင်းချင်းကိုဟန့်လိုက်ပေမယ့်ချင်းချင်းကမငြိမ်သွားပါ ။
"ပီးတော့ ယွင်အာလား ယွမ်အာလား အဲ့ကောင်လေးကလဲအချိုးမပြေဘူး
ရိပေါ်လေးလိုက်သွားရင်သူတိူ့တစ်ဆွေလုံး တစ်မျိုးလုံးကအနိုင်ကျင့်ကြလိမ့်မယ်
တကယ်စိတ်မချပါဘူး ""တော်တော့ ချင်းချင်း. "
ကျိရန် ချင်းချင်းကိုပြောလိုက်ပီးရိပေါ်ကိုကြည့်လိုက်တယ် ။
"ရှောင်းအိမ်တော်ကို အခွင့်အရေးတခါလောက်ထပ်ပေးကြည့်ရတာပေါ့
ရိပေါ်ကလဲ မျှော်လင့်ချက်ထားနေတာဆိုတော့လေ
အကိုအတင်းအကျပ်မလုပ်ပါဘူးရှောင်းကျန့် မင်းကို နည်းနည်းအနိုင်ကျင့်မိတာနဲ့ အကို့ကိုပြော ရိပေါ်
အဲ့အချိန်ကြရင်တော့ အကိုအကောင်းဆုံးရှေ့နေငှားထားတော့မယ် ""ကျွန်တော် ့အမျိုးထဲမှာ နာမည်ကြီးရှေ့နေရှိတယ် "
လီယိုကဝင်ပြောတယ် ။
"အကို့ကိုလဲအကောင်းတွေးပေးကြပါအုံး"
ရိပေါ်ခပ်တိုးတိုးပြောတော့ လီယိုအကြည့်ကရိပေါ်ဆီ ဒိုင်းကနဲကျလာတယ် ။
"မင်းကို စုတ်ပြတ်သတ်အောင်လုပ်ထားတဲ့လူကို မင်းကအကောင်းမြင်ပေးနေတုန်း
ဝမ်ရိပေါ် စိတ်ကောင်းရှိတယ်ဆိုတာလဲအတိုင်းအတာတစ်ခုထိပဲကောင်းတယ်နော် ""တော်ပီ လီယို ငြင်းခုန်မနေကြတော့နဲ့ ပစ္စည်းတွေသိမ်းကူအုံး "
ကျိရန်ပြောပီး ပစ္စည်းတွေစသိမ်းပေမယ့် လီယို က ရိပေါ်လက်ကိုဆုပ်ကိုင်လာတယ်။
YOU ARE READING
Good Bye My Prince