22

1.4K 84 7
                                    

unicode

.
.
.

ဝမ်ရိပေါ်လေး သတင်းအစအနတောင်မရတာ တစ်ပတ်ကြာခဲ့ပီးနောက်မှာ ေရှာင်းကျန့်ရဲ့ ကြောက်စိတ်တွေကတဖြေးဖြေးကြီးစိုးလာခဲ့တယ်။

ဝမ်ရိပေါ်လေးက ရှောင်းကျန့် ကိုသိပ်ချစ်တာမဟုတ်လား။

ရှောင်းကျန့်မကောင်းခဲ့တဲ့အချိန်မှာတောင် ရှိနေခဲ့တဲ့ကလေးငယ်က ရှောင်းကျန့်ကောင်းပေးတော့မယ့်အချိန်မှာ ပိုပီး ရှိနေသင့်တာမဟုတ်လား။

ဝမ်ရိပေါ်ရှိလောက်မယ့်နေရာမှန်သမျှရှာခဲ့ပေမယ့် ရှောင်းကျန့် က ဝမ်ရိပေါ်အကြောင်းလဲဘာမှသိပ်သိတဲ့လူမဟုတ်တော့ တကယ်ကိုခက်ခဲပါတယ်။

မမြင်စေလိုလို့ တမင်ပုန်းရှောင်သွားခဲ့တဲ့ကလေးငယ်မို့ တကယ်ကိုသတင်းအစအနတောင်မရခဲ့။

နေ့စဥ်မပြတ် ဝမ်ရိပေါ်ကိစ္စကြောင့်နဲ့ရှောင်းကျန့်ကို ဆူပူနေတဲ့ဘွားနဲ့မေမေ့ကိုလဲ ရှောင်းကျန့်မှာပြန်ပြောနိုင်စွမ်းမရှိခဲ့ဘူး။

အလုပ်လုပ်တယ်။
အလုပ်ကပြန်တာနဲ့အခန်းထဲတန်းဝင်းတယ်။

ကိုယ့်ကိုယ်ကို မပြိုလဲနေဘူးလို့ဟန်လုပ်ထိန်းထားနေရင် တနေ့ထက်တနေ့ ဝမ်ရိပေါ်ပြန်မလာမှာကြောက်စိတ်ကြီးစိုးနေတဲ့ ရှောင်းကျန့် က တိတ်တ်တ်လေးပြိုလဲနေပါတယ်။

ကုန်တိုက်ဖွင့်ပွဲအတွက်ဖိတ်ရာမှ ကမ်းလှမ်းလို့ ဆိုတဲ့ခေါင်းစဥ်နဲ့ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်လေးဘေးနားကိုတမင်ရောက်အောင်သွားခဲ့တယ်။

ရိုးရိုးရှင်းရှင်းလေးပဲချဥ်းကပ်ခဲ့တယ်။
ဝမ်ရိပေါ် ကသိပ်ချစ်စရာကောင်းတယ်။

အသားဖြူဖြူလေးတွေ၊ မျက်ပေတုံးလေးတွေ ၊ ပါးဖောင်းဖောင်းလေးတွေနဲ့ နှခမ်းထော်ထော်လေးတွေက ရှောင်းကျန့်အာရုံထဲရောက်ရောက်လာခဲ့တယ် ။

အနားနေမှသိလာတာက ဝမ်ရိပေါ်က သူ့မန်နေဂျာကျိရန်ဆိုတဲ့ ကောင်လေး အပြင်အားကိုးစရာလူမရှိတာပါပဲ။

ဒီအချက်ကပဲ ရှောင်းကျန့်ချဥ်းကပ်ဖို့ပိုအထောက်အကူဖြစ်တယ်။
ဝမ်ရိပေါ်သူ့ကို ယုံကြည်ခဲ့တယ်။
ကျိရန်ကပါအားကိုးခဲ့တယ်။

Good Bye My Prince Where stories live. Discover now