unicode
.
.
."အကိုလေးရိပေါ် သခင်မကြီးခေါ်ခိုင်းလိုက်ပါတယ်။"
ဆိုပီးလာခေါ်တဲ့ကောင်မလေးကြောင့် အနောက်ကလိုက်လာတော့ ဧည့်ခန်းမှာ ကျန့်ယဲ့ယင်း နဲ့ရွယ်တူကောင်လေးနှစ်ယောက်ကိုတွေ့ရတယ်။
ကောင်လေးနှစ်ယောက်ထဲကတစ်ယောက်က ရိပေါ်ဆီအန်တီ ပထမဆုံးလာတွေ့တုန်းကပါလာတဲ့ ကောင်လေးဖြစ်တယ်။
"အန်တီ.."
"အော် ရိပေါ် သားထိုင်။"
ရိပေါ်ခေါင်းငြိတ်ပြပီး ခုံမှာဝင်ထိုင်လိုက်ခြင်းမှာပဲ ကောင်လေးတစ်ယောက်ကရိပေါ်အနားဝုန်းဆိုပြေးကပ်ပီးထိုင်တယ်။
ပီးတော့ရိပေါ်ကိုဆွဲဖတ်တယ်။
"ကော က ဝမ်ရိပေါ်အစစ်နော်။
ကျွန်တော်ကောကိုအရမ်းကြိုက်တာလေ။
ကော စကိတ်စီးတာကိုအကြွေဆုံးပဲ။"အနားကပ်ပီး ဝမ်းသာလုံးစို့နေတဲ့အသံကြီးနဲ့ပြောလာတဲ့ ကောင်လေးကြောင့်ရိပေါ်လန့်သွားတယ်။
"ဟဲ့ ကျိုးအာ ဘယ်လိုလုပ်နေတာလဲ ရိပေါ်လေးကိုအားနာစရာ"
"ဟီး ဒေါ်လေးကလဲ ရိပေါ်ကော က ကျွန်တော့်ရဲ့ ဒုတိယI DOL မို့ပါ။"
အန်တီ့ကိုပြန်ပြောတဲ့ကောင်လေးဟာ ရိပေါ်ကိုဖတ်ထားတာတော့မလွှတ်ပေးခဲ့ပါ။
ကျိုးအာကိုကြည့်ပီးယွင်အာလေးကနှခေါင်းရှုံတယ်။
"ရိပေါ် ရေ သူတို့ကဆိုးတယ်။
အန်တီမိတ်ဆက်ပေးဖို့ခေါ်လိုက်တာ။အရင်တစ်ခေါက်ကယွင်အာဆေးရုံလိုက်ခဲ့တယ်ဆိုပေမယ့် သေချာမိတ်မဆက်ပေးဖြစ်ဘူးလေ။
သူတို့နှစ်ယောက်က အန်တီ့အမ နှစ်ယောက်ကမွေးထားကြတဲ့သားတွေပေါ့။
သူက ကျန့်ယင် သူက ကျန့်ကျိုး တဲ့။
ယင်အာနဲ့ကျိုးအာလို့ပဲခေါ်ပေါ့။ယင်အာ ကျိုးအာဒေါ်လေးမပြောလဲသိနေရောပေါ့။
ဝမ်ရိပေါ်က မင်းတို့ အကိုရှောင်းကျန့် နဲ့လက်ထပ်ရမယ့်သတို့သားလောင်း ။""သိပီးပါပီဒေါ်လေးရဲ့ ဝမ်ရိပေါ်ကသားတို့ အကိုရှောင်းကိုအပိုင်ကိုင်လိုက်တာလေ သူဌေးမှန်းသိလို့။"
YOU ARE READING
Good Bye My Prince