13

1.1K 84 10
                                    


unicode

.
.
.

Mr. ယွန့် ရောက်နေတယ်ဟုဆိုကာလာခေါ်သော ကောင်မလေးတွေကြောင့် ကျန့်ယဲ့ယင်းပါလာတယ်။

ဧည့်ခန်းမှာ ယွန့်ဟန်ကစောင့်နှင့်နေခဲ့ပီ။
ယွန့်ဟန်က ကျန့်ယဲ့ယင်း ကိုတွေ့တော့ ထပီးနှုတ်ဆက်တယ်။

" Mrs. ကျန့်ယဲ့ယင်း "

"ထိုင်ပါ ယွန့်ဟန်"

ပြောပီးကျန့်ယဲ့ယင်းဝင်ထိုင်လိုက်တယ်။

"အလုပ်များတဲ့ ယွန့်ဟန်ကဘာကိစ္စကြောင့်ကျွန်မကိုလာတွေ့တာလဲ "

"အလုပ်ထပ်အရေးကြီးတဲ့ကိစ္စကြောင့်ပေါ့ဗျာ။"

သိနေတဲ့ ကျန့်ယဲ့ယင်းကမသိချင်ယောင်ဆောင်ပီးပြုံးတယ် ။

"ပြောပါရှင်"

"ရှေ့မျက်နှာနောက်ထားပီးပဲပြောပါရစေတော့။
​ရှောင်းကျန့်နဲ့ ကျုပ်သမီး ဖေးဖေးတွဲလာတာလဲအတော်ကြာခဲ့ပီ။

ဒါကြောင့် စေ့စပ်ပဲဖြစ်စေ လက်ထပ်ပွဲဖြစ်စေ ကျုပ် ရှောင်အိမ်တော်ကိုကမ်းလှမ်းပါတယ်။ "

ကျန့်ယဲ့ယင်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြုံးတယ်။

"အားနာပါတယ် ယွန့်ဟန်
အစကတည်းကလူငယ်ချင်း သဘောကျလို့တွဲရုံပဲမို့ ကျွန်မကလွှတ်ထားပေးတာ။

ကျွန်မအိမ်က ချွေးမအဖြစ်လက်ခံမယ်လို့စကားမကျွံထားမိပါဘူး ။

ပီးတော့ အခုတလော ရှောင်းကျန့် မွှေလိုက်တဲ့ကိစ္စကိုရှင်တို့လဲသိမှာပါ။

ကျွန်မတို့ဘက်က လူသိရှင်ကြား ရှောင်းကျန့်နဲ့အိပ်ယာပေါ်ထိရောက်သွားတဲ့ ကလေးကိုပဲ ရှောင်းကျန့်နဲ့လက်ထပ်ပေးသွားမှာပါ ။ "

ယွန့်ဟန် ရဲ့လက်သီးဆုပ်လိုက်တာကို သူမမြင်လိုက်ပါရဲ့ ။

"ပီးတော့ ယွန့်ဟန် ရှင့်သမီးလေးက ကျွန်မတို့ကိုရိုင်းရိုင်းစိုင်စိုင်းဆက်ဆံသွားတယ်။
ဒီလိုမိန်းကလေးမျိုးကိုသာ ချွေးမတော်ခဲ့မိရင် ကျွန်မနဲ့မေမေ့ရဲ့ ရှေ့ရေးကရင်လေးရချည်ရဲ့ ။ "

ကျန့်ယဲ့ယင်း စကား အဆုံးမှာ ယွန့်ဟန်မျက်နှာပြင်မရအောင်ပျက်သွားတယ်။

Good Bye My Prince Donde viven las historias. Descúbrelo ahora