unicode
.
.
."ဒီနေ့အပြင်သွားချင်လား "
မနက်စာစားနေတဲ့ရိပေါ်ကို အကိုကလာမေးတာကြောင့် ရိပေါ်အံ့သြသွားတယ်။
ရိပေါ်ကြောင်ပီး ကြည့်နေတာကိုမနေတတ်တဲ့ပုံနဲ့ အကိုက ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ဖက်ထည့်ပီး ချောင်းတစ်ချက်ဟန့်တယ်။
"ငါဒီနေ့အားနေလို့ သွားမယ်ဆိုလိုက်ပို့ပေးမယ်။"
"အင်း သွားမယ်။"
ရှားရှားပါးပါး အခွင့်အရေးမှာ ရိပေါ်ပျော်ဝင်ပစ်လိုက်ချင်သေးတယ်။
အကိုက ပြောင်းလဲလာပီထင်ပါရဲ့။
"အကုန်လုံး ပြင်ဆင်ပီးသွားရင် ငါ့ကိုလာခေါ်
အခန်းထဲမှာစောင့်နေမယ်။"အကိုကပြောပီးအပေါ်ထပ်ပြန်တက်သွားတော့ ရိပေါ်အပျော်လွန်ပီး နွားနို့ကိုကုန်အောင်မော့ချလိုက်တယ်။
ရိပေါ်ကသိပ်ချစ်ရတဲ့သူမို့လို့ အကိုခဏလောက်အရေးပေးလာတဲ့အခါ သိပ်ကိုပျော်ရတာပါပဲ။
.
.
.hoodie အဖြူ ၊ ဘောင်းဘီအနက်နဲ့ mask တွေ ၊ ဦးထုပ်တွေ ၊ မျက်မှန်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့် က မျက်နှာမော့မျက်လုံးမှေးပီးကြည့်နေတယ်။
ရှောင်းကျန့် အကြည့်ကြောင့်ရိပေါ်အနေခက်လာတာမို့ မျက်မှန်ကိုချွတ်လိုက်တပ်လိုက်လုပ်နေတယ်။
ရုတ်တရက်အကိုက ရိပေါ်မျက်မှန်ကိုဆွဲယူသွားပီး ေစာင်းထားတဲ့ ဦးထုပ်နဲ့ maskကိုပါဆွဲချွတ်သွားတော့ ရိပေါ်တအံ့တသြအကို့ကိုကြည့်လိုက်တယ်။
"ဒီနေ့အပြင်သွားမယ်။
မင်းက ဝမ်ရိပေါ်ဆိုတာဖုံးကွယ်ထားစရာဘာအကြောင်းမှမရှိဘူး။မင်းကိုထိခိုက်လာမယ့်အရာတွေကို ကာကွယ်ပေးမယ့် မင်းယောကျာ်းရှိတယ်။"
အကိုကပြောပီး ရိပေါ်လက်ကိုဆွဲပီး ခေါ်လာတယ်။
နားထဲမှာတော့ အကိုပြောသွားတဲ့စကားတွေပဲထပ်ခါထပ်ခါကြားနေတယ်။
"ရိပေါ်ကိုဘယ်ခေါ်သွားမလို့လဲ။"
လှမ်းမြင်သွားတဲ့မေမေကမေးတဲ့အခါ အကိုကမျက်ခုံးတွေတွန့်ကွေးထားတယ်။
YOU ARE READING
Good Bye My Prince