16

1.1K 80 8
                                    


unicode

.
.
.

သတို့သားဝတ်စုံအဖြူရောင်လေးဝတ်ဆင်ထားတဲ့ ရိပေါ်က မှန်တင်ခုံရှေ့မှာထိုင်နေတယ်။

"ဝမ်ရိပေါ်လေးကချောလိုက်တာ။
မျက်နှာလေးကတကယ်ကိုဖြူပီးနုဖတ်နေတာပဲ။"

make up ပြင်ပေးတဲ့ အမ ကပြောတော့ရိပေါ်ပြူံးလိုက်တယ်။

" ရိပေါ်ကတော်တော်ကံကောင်းတာသိလား
ရှောင်အိမ်တော် ကရိပေါ်ကိုတော်တော်ချစ်ကြတာ။
ရိပေါ် ဝတ်ထားတဲ့ ရင်ထိုးနဲ့ နားကပ်နဲ့ဆွဲ ကြိုးလေးနဲ့တန်ဖိုးက မရေတွက်နိုင်အောင်ပဲ ။"

"သတို့သား ဝမ်ရိပေါ် အချိန်ကြပါပီ။"

အပြင်ကလှမ်းခေါ်သံကြောင့် ရိပေါ် ထိုင်ရာမှထရပ်လိုက်တယ်။

ဧည့်ခံပွဲထဲက ဖွင့်ထားတဲ့ သီချင်းသံနဲ့အတူ ရိပေါ်ရင်ခုန်သံတွေလဲခုန်ပေါက်နေတယ်။

အခန်းတံခါးဖွင့်လိုက်တော့ ကျိရန်နဲ့ ဂါဝန်ဖြူဖြူဝတ်ထားတဲ့ ခပ်လှလှမော်ဒယ်မလေးနှစ်ယောက်ကရပ်စောင့်နေတယ်။

"အကိုကျိရန်"

"ရိပေါ်..."

ကျိရန်ကခေါ်ပီး ရိပေါ်ကိုဖက်တယ်။

ငယ်ငယ်ထဲကအရိပ်တကြည့်ကြည့်စောင့်ရှောက်ခဲ့ရတဲ့ညီလေးကိုတခြားလူထဲထည့်ပေးရတော့မယ့်ခံစားချက်က ဝမ်းနည်းစရာပဲ။

ရိပေါ်ကျောလေးကိုနှစ်ချက်လောက်ပွတ်သပ်ပေးပီး လူချင်းပြန်ခွာပီး ရိပေါ်လက်လေးကိုဆွဲလိုက်တယ်။

ဖြေးဖြေးချင်းကပ်လိုက်လာတဲ့သတို့သမီးအရံနှစ်ယောက်နဲ့အတူ ကျိရန် ရိပေါ်ကိုရှောင်းကျန့်ရပ်နေတဲ့ နေရာဆီခေါ်လာတယ်။

ရှောင်လုပ်ငန်းစုဆက်ခံသူ ရဲ့ လက်ထပ်ပွဲကအခမ်းနားဆုံးဖြစ်တယ်။

မင်းသားဝမ်ရိပေါ် ရဲ့လက်ထပ်ပွဲမှန်းပေါက်ကြားသွားတဲ့အခါ စုရုံးလာမယ့် လူတွေကြောင့် ကိုယ်ရံတော်အယောက်၂၀၀ နဲ့ ခမ်းမပတ်ပတ်လည်ကိုတင်းကျပ်စေတယ်။

ရှေ့ဆုံးခုံမှာ အန်တီနဲ့ဘွားကိုတွေ့ရတယ်။
အန်တီနဲ့ဘွားက ရိပေါ်လာရာဘက်ကိုပြုံးပီးကြည့်နေခဲ့ကြတယ်။

Good Bye My Prince Donde viven las historias. Descúbrelo ahora