23

1.5K 86 10
                                    

unicode

.
.
.

စာချုပ်ကို ကြည့်ပီးအထိတ်တလန့် ပြန်လွှတ်ချလိုက်တဲ့ အကိုကတကယ်လဲမျက်လုံးထဲမှာ တုန်လှုပ်မှုတွေပြည့်နေတယ်။

"မင်းရူးနေလား ဝမ်ရိပေါ် ငါမင်းကိုကွာရှင်းပေးမယ်ပြောလို့လား ဟမ်
မင်းရဲ့ရူးကြောင်ကြောင်လုပ်ရပ်တွေ မင်းပဲပြန်သိမ်းထားလိုက်။"

"ဘာဖြစ်လို့လဲ အကို လဲ ကျွန်တော့်နဲ့မနေချင်သလို ကျွန်တော်လဲအကိုနဲ့နေရတာပင်ပန်းတယ်။

တစ်ယောက်နဲ့တစ်ယောက်လွှတ်ပေးလိုက်တာကမှအကောင်းဆုံးလေ။"

"စောက်ရူးမထနဲ့ဝမ်ရိပေါ် ငါမင်းကိုသေတဲ့အထိမလွှတ်ပေးဘူး။"

ရိပေါ်တစ်ချက်ရယ်လိုက်တယ်။
အကိုကသိပ်တစ်ကိုယ်ကောင်းဆန်တာပဲ။

"ဘာဖြစ်လို့လဲ
မလွှတ်ပေးတဲ့အကြောင်းအရင်းကဘာလဲ။"

"ကိုယ်မင်းကိုချစ်လို့လေ ရိပေါ်။
ကိုယ်မင်းကိုအရမ်းချစ်လို့။"

ရိပေါ်ပုခုံးတွေကိုဆုပ်ကိုင်ပီးပြောလာတဲ့အကိုကြောင့် ရိပေါ်ငြိမ်သွားတယ်။

"ဒါဆို အမဖေးဖေးကရော။"

"ကိုယ်သူ့ကိုမချစ်ခဲ့ဘူး
သူ့ကိုလက်စားချေချင်ရုံသက်သက်ပဲ
ဒါတွေမင်းကိုနောက်မှအေးဆေးပြောပြမယ်။
ကိုယ်မင်းကိုတကယ်ချစ်တာ။"

ဟင့်အင်း..
မယုံလိုက်နဲ့ရိပေါ်
ဒါတွေကသူ့အနားကထွက်မသွားအောင်ပြောတဲ့စကားတွေပဲ။

ထပ်ခါတလဲလဲနာကျင်မှုတွေပေးခဲ့တဲ့လူကိုမယုံလိုက်နဲ့။

ကိုယ့်ကိုချစ်တဲ့လူကနာကျင်အောင်မလုပ်ဘူး။

ရိပေါ် အကိုဆုပ်ကိုင်ထားတဲ့ပုခုံးတွေကိုလွတ်ထွက်သွားအောင်ရုန်းလိုက်တယ်။

"အမ ဖေးဖေးကို မချစ်ဘူး
လက်စားချေတာ။

ကျွန်တော် ခင်ဗျားကိုကြောက်တယ် ရှောင်းကျန့် ခင်ဗျား က လွန်ခဲ့တဲ့ တစ်ပတ်
အထိ ကျွန်တော့်ကိုမချစ်ဘူး အမ ဖေးဖေးကိုချစ်တယ်ပြောခဲ့တယ်

အခု ကြတော့ အမဖေးဖေးကိုမချစ်ဘူး ကျွန်တော့်ကိုချစ်တယ်ပြောပြန်တယ်

Good Bye My Prince Where stories live. Discover now