25

1.7K 88 10
                                    


.
.
.
unicode

.
.
.

"အင့်... အသက်ရှူကျပ်တယ်။"

ရှောင်းကျန့်ရင်ခွင်အောက်က ကလေးငယ်ဆီကညည်းတွားသံပိစိလေးထွက်လာတော့ ရှောင်းကျန့် ရင်ခွင်ထဲ ကဆွဲထုတ်ပီး ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်ထားတယ်။

ရှောင်းကျန့် ရင်တွေဟာထိန်းမရအောင်တုန်ယင်နေခဲ့ပီး ရှေ့ကကောင်လေးကိုလဲ မျက်တောင်မခတ်တမ်းကြည့်တယ်။

သူမျက်တောင်ခတ်လိုက်တဲ့အခါ ဝမ်ရိပေါ်လေးပြန်ပျောက်သွားရင် ရှောင်းကျန့်ရူးရချည်ရဲ့။

"ကျွန်တော့် တူမလေးတွေနောက်လိုက်ရအုံးမယ်။"

ပြောပီးရှောင်းကျန့်လက်ထဲရုန်းချင်လာတဲ့ ကလေးငယ်ရဲ့ပုခုံးကို ပိုပီးဖိကိုင်လိုက်တယ်။

ဒီတစ်ခါမဖမ်းမိခဲ့ရင်ဆိုတဲ့အတွေးနဲ့တင် ရှောင်းကျန့် အခါခါသေရတယ်။

" ကိုယ်တောင်းပန်ပါတယ်ရိပေါ်
တောင်းပန်တယ်လို့ပြောရုံနဲ့မလုံလောက်တာသိပေမယ့် ကိုယ့်မှာမင်းမရှိလို့မဖြစ်ဘူး ရိပေါ်ရဲ့။"

ပြောနေရင်းအဖျားခတ်ကတုန်ယင်သွားပီး မျက်ရည်တို့ကပါးပြင်ပေါ်ကြည့်တယ်။

တုန့်ပြန်ခြင်းမရှိတဲ့မျက်နှာထားနဲ့ ကောင်လေးကရိပေါ်ကိုပြန်ကြည့်နေခဲ့တယ်။
ရှောင်းကျန့် နဲ့ပက်သက်ပီးခံစားချက်တွေပါထုံသွားခဲ့ပုံပဲ။

ရုတ်တရက် ရှောင်းကျန့် ပါးပြင်ပေါ်ရောက်လာတဲ့ လက်ချောင်းဖြူဖြူနုနုလေးက ရှောင်းကျန့်ပါးပြင်ပေါ်ကမျက်ရည်တို့ကို သုတ်ပေးနေတယ်။

"မငိုပါနဲ့ ခင်ဗျားရဲ့ဘာလို့ငိုနေရတာလဲ။"

ခံစားချက်မဲ့နေတဲ့ကောင်လေးမျက်နှာပြင်ကခပ်မဲ့မဲ့လေးဖြစ်သွားတယ်။

"ကျွန်တော် တို့ချင်းသိကြလို့လား"

"ဟင်..."

ရိပေါ်ကဘာကိုဆိုလိုတာလဲ။

"ရိပေါ် ကိုယ်လေ...ရှောင်းကျန့်လေ..."

ရိပေါ်ရဲ့မျက်လုံးတွေထဲစူးစိုက်ကြည့်ပီးပြောလိုက်တဲ့အခါ ကောင်လေးကမျက်လွှာချသွားတယ်။

Good Bye My Prince Where stories live. Discover now