unicode
.
.
.3နှစ်ကြာပီးနောက်
.
.
.အိမ်အနောက်ဖက်က ကျူးလစ် ပန်းခင်းကြီးထဲ လဲလှောင်းနေခဲ့ပီး မျက်နှာပေါ်ခပ်နွမ်းနွမ်းစာအုပ်တစ်အုပ် ဖုံးအုပ်ထားခဲ့တယ်။
အတိတ်ကိုပြန်ပြင်ဆင်နိုင်ခွင့်သာရှိခဲ့မယ်ဆိုရင် ရှောင်းကျန့် ဒီလောက်အတ္တတွေကြီးခဲ့မှာမဟုတ်ဘူး။
ကျိရန်ပေးခဲ့တဲ့ ရိပေါ်ရဲ့စာအုပ်လေးကိုနေ့စဥ်အမျှဖတ်ရင်း နေ့စဥ်နေ့တိုင်းကြေကွဲနေခဲ့ရတာလဲ ရှောင်းကျန့်ပါပဲ။
သုံးနှစ်တဲ့...
ဝမ်ရိပေါ်လေး ရှောင်းကျန့်ဘေးကထွက်သွားခဲ့တာ သုံးနှစ်ရှိသွားပီ။အချိန်တွေကတစ်ရက်ထက်တစ်ရက်ကုန်ဆုံးလာခဲ့ပေမယ့် ရှောင်းကျန့် ရင်ထဲကနာကျင်မှုကလျော့ကျမသွားခဲ့။
လွန်ခဲ့တဲ့သုံးနှစ်က ဆေးရုံမှာပဲသတိလစ်သွားခဲ့တဲ့ ရှောင်းကျန့်ဟာ လေးရက်ကြာမှသတိပြန်လည်လာခဲ့တယ်။
ရှောင်းကျန့်သတိလည်လာခဲ့တဲ့အချိန် ရိပေါ်လေးရဲ့စျာပနာကပီးသွားပီတဲ့။
ကျိရန်ကလဲ ရှောင်းကျန့် အတွက်စာအုပ်တစ်အုပ်ပေးထားခဲ့ပီး ဝမ်ဟောက်ရွှမ်းနဲ့အတူ အမေရိကကိုထွက်သွားပီတဲ့။ရှောင်းကျန့် လက်မခံနိုင်ခဲ့ဘူး။
ဒီလိုမြန်မြန်ဆန်ဆန်အဆုံးသတ်သွားခဲ့တယ်ဆိုတာယုံနိုင်စရာအကြောင်းမရှိ။ဝမ်ရိပေါ်လေးမရှိတော့ဘူးဆိုတဲ့အမှန်တရားကိုရှောင်းကျန့်အမုန်းဆုံးပဲ။
တစ်ကမ္ဘာလုံးတုန်လှုပ်ခဲ့ရတဲ့ ဝမ်ရိပေါ်လေးတို့ကားတိုက်မှုမှာ တရားခံဖြစ်သူ ကုန်ကားနဲ့ဝင်တိုက်ခဲ့တဲ့လူက ကြောက်ကြောက်လန့်လန့်နဲ့ကယောင်ကတမ်းတွေပြောနေခဲ့တယ်။
"ယွန့်ဖေးဖေးခိုင်းတာကျွန်တော်မလုပ်ဘူး။"
ဆိုတဲ့စကားတွင်တွင်ပြောနေတဲ့ ထိုလူကိုရှောင်းကျန့်လူရုပ်မပေါ်အောင်ရိုက်နှက်ခဲ့တယ်။
"ရှောင်းကျန့် ကိုချစ်လွန်းလို့ ဖေးလုပ်မိတာ"
လို့ပြောလာတဲ့မိန်းမရဲ့မျက်နှာကိုခပ်ပြင်းပြင်းရိုက်ချခဲ့ပီး ဖေးဖေးနဲ့ထိုလူကို စွဲနိုင်သလောက်ပုဒ်မတွေတပ်ကာ ထောင်ချခဲ့တယ်။
ŞİMDİ OKUDUĞUN
Good Bye My Prince