unicode
.
.
.ကုမ္ဗဏီရှေ့ကားထိုးရပ်လိုက်တယ်ဆိုရင်ပဲ ကုမ္ဗဏီရှေ့မှာ မိန်းကလေးအချို့ဝိုင်းအုံခံနေရတဲ့ ဝမ်ရိပေါ်ကိုလှမ်းမြင်လိုက်တယ်။
ခံစားချက်မရှိသလိုဖြူရော်နေတဲ့ဝမ်ရိပေါ်လေးက ကြိုးပြတ်နေတဲ့အရုပ်ကလေးနဲ့တူတယ်။
ရန်လီယိုကားပေါ်ကမြန်မြန်ဆင်းပီး ကောင်မလေးတွေကြားတိုးဝင်လိုက်တဲ့အခါ အော်သံတွေကဆူညံသွားတယ်။
"ရန်လီယို..."
သတိမဲ့သလိုဖြစ်နေတဲ့ကောင်လေးရဲ့ပုံကိုမြင်ရတာ သူ့ရင်တွေအနာဆုံးပဲ။
လူလည်ခေါင်မှာဆိုတာကိုလဲဂရုမစိုက်မိသလို သတင်းတွေထပ်ပီးတက်လာမှာကိုလဲစိတ်မဝင်စားတော့။
ကောင်လေးလက်ကိုလှမ်းဆွဲလိုက်တော့အေးစက်နေတဲ့လက်ကလေး။
အော်ဟစ်နေတဲ့မိန်းကလေးတွေကြားကနေ သူဝမ်ရိပေါ်လေးကိုဆွဲခေါ်လာခဲ့တော့အသာလေးလိုက်ပါလာတယ်။
ကားတံခါးဖွင့်ပေးတော့ ကောင်လေးက အလိုက်သိစွာကားထဲဝင်သွားတယ်။
သူပါကားထဲဝင်လိုက်ပီး ဝမ်ရိပေါ်မျက်နှာကိုတချက်ကြည့်လိုက်တော့ မျက်ရည်တွေပြည့်အိုင်နေတဲ့မျက်လုံးတွေနဲ့ရိပေါ်က သူ့ကိုပြန်ကြည့်လာခဲ့ပီး ပြောတယ်။
"သူကငါ့ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး လီယိုရဲ့
သူချစ်တာကအမဖေးဖေးတစ်ယောက်ထဲ။"ပြောပီးငိုချလာတဲ့ရိပေါ်ကိုရန်လီယိုမျက်ရည်သုတ်ပေးလိုက်တယ်။
အင်း...မင်းလဲငါ့ကိုဘယ်တုန်းကမှမချစ်ခဲ့ဖူးဘူး
မင်းချစ်တာ ရှောင်းကျန့်တစ်ယောက်ထဲ...ချစ်ရတဲ့လူရဲ့မျက်ရည်တွေကသိပ်ပူတာပဲ။
ရန်လီယို လဲနာကျင်လိုက်တာ။ဒီပုံစံအတိုင်းဆို အကိုကျိရန်ဆီသာခေါ်သွားဖို့အသင့်ဆုံးပဲ။
ခင်ဗျား ဘာလုပ်လိုက်ပြန်တာလဲရှောင်းကျန့်ရဲ့ ။
.
.
.ကျိရန်အိမ်ရောက်လာတဲ့အခါမမျှော်လင့်ထားမှုက စီးကြိုတယ်။
ကျိရန်အိမ်ထဲမှာ အနုပညာရှင်listထဲကပယ်ထုတ်ခံလိုက်ရတဲ့ ဝမ်ဟောက်ရွှမ်း ကရှိနေတယ်။
BINABASA MO ANG
Good Bye My Prince