14

1K 79 2
                                    


Unicode

.
.
.

" အန်တီ.. "

စိန်ထည်များကို စားပွဲပေါ်ခင်းကျင်းပီး ကြည့်နေတဲ့ ကျန့်ယဲ့ယင်းကရိပေါ်ခေါ်သံကြောင့်လှည့်ကြည့်လာတယ်။

"ရိပေါ်လေး လာ ထိုင်။"

ရိပေါ် ကျန့်ယဲ့ယင်းအနားဝင်ထိုင်လိုက်တယ်။

"ဟင် ငိုထားတာလား သားလေး "

လက်ထဲကစိန်ကိုစားပွဲပေါ်ပြန်ချပီး ကျန့်ယဲ့ယင်း ဟာ ရိပေါ်ပါးကိုတယုတယ လေးအုပ်ကိုင်လာတယ်။

ငိုထားတဲ့ရိပေါ်မျက်စိလေးတွေဟာဖောင်းနေခဲ့တယ်။

"ဟုတ် "

"ဘာဖြစ်လို့လဲ ကလေးလေး "

"ဟို အန်တီက အကိုနဲ့ကျွန်တော့်လက်ထပ်ပွဲစီစဥ်နေတယ်ဆို ။"

"ဟုတ်တယ် သား ဘာဖြစ်လို့လဲ
ရှောင်းကျန့် ကအစက လက်မခံဘူးပြောပေမယ့်ပီးတော့ လက်ခံတယ်ပြန်လာပြောတယ်။
သားတော့ငြင်းလို့မရဘူးနော် ။"

"ကျွန်တော် အကို့ကိုလက်မထပ်ချင်ဘူး အန်တီ"

"အဲ့လိုတော့မပြောနဲလေကလေးရယ်။
ဒီလက်ထပ်ပွဲကအန်တီတို့အတွက်ရော သားအတွက်ရောပါ ။

ရှောင်းကျန့် နဲ့တိုင်းသိပြည်သိဖြစ်ခဲ့တဲ့ကိစ္စတစ်ရပ်အတွက် ရှောင်းကျန့် နဲ့လက်ထပ်သင့်တယ် ။

အန်တီတို့ဘက်ကဆိုရင်တော့ ဖေးဖေးဆိုတဲ့မိန်းကလေးနဲ့လုံးဝသဘောမတူတာပဲ ။ "

"ကျွန်တော် အကို့ကိုကြောက်တယ်။"

ကျန့်ယဲ့ယင်း ကရိပေါ်ပုခုံးကိုဖတ်လာတယ်။

"ရှောင်းကျန့်ကကြောက်စရာမကောင်းတာသားသိလာမှာပါ။
​ရှောင်းကျန့်ကို ဖုံးနေတဲ့အတ္တနဲ့မာနကို သားလိုဖြူစင်တဲ့ကောင်လေးကပဲ ပြုပြင်ပေးနိုင်မယ်လို့အန်တီယုံတယ်။"

"........"

"ဒါဆို ဒီလို လုပ် အချိန်တစ်နှစ်ပဲယူ ရိပေါ်
တစ်နှစ်ပြည့်လို့မှရှောင်းကျန့်မပြောင်းလဲလာရင် အန်တီတို့အကောင်းဆုံးထပ်လုပ်ပေးမယ်။

အခုလဲအကောင်းဆုံးပဲလုပ်ပေးတာနော်။
သားကိုအန်တီလာခေါ်ထဲက အကောင်းဆုံးတွေလုပ်ပေးချင်လို့ပဲ ။ "

Good Bye My Prince Where stories live. Discover now