18

1.1K 90 11
                                    


Unicode

.
.
.
__ရှောင်း သူဌေး နှင့် ယွန့်ဖေးဖေး တို့ ယွန့်အိမ်တော်မှ အတူထွက်ခွာလာကြောင်းသိရ_

ဖုန်းဖွင့်ဖွင့်ခြင်းတက်လာတဲ့ သတင်းစကားကြောင့် ရိပေါ် နာနာကျင်ကျင်ရယ်လိုက်တယ်။

မနက်စာတောင်မစားနိုင်ပဲ ကော်ဖီတစ်ခွက်မြန်မြန်သောက်ပီး အိမ်တော်ကစောစောထွက်သွားခဲ့တဲ့ အကြောင်းအရာက အမဖေးဖေး အိမ်သွားဖို့ထဲလား ။

အဲ့ချိန်မှာပဲ ရိပေါ်လက်ထဲကဖုန်းလေးက ထမြည်လာတယ်။

အကိုကျိရန်ဆီကတဲ့

" ရိပေါ်.."

"အင်း အကိုကျိရန် ဘာဖြစ်လို့လဲ "

"ဒီနေ့အားလား"

"ကျွန်တော် အမြဲတမ်းအားပါတယ် အကိုကျိရန် ရဲ့ဘာဖြစ်လို့လဲ။"

"​ အကို့ညီလေးကိုမတွေ့ရတာကြာလို့တွေ့ချင်လို့ပါ။
ပီးတော့ပြောပြစရာတွေလဲရှိလို့ ။"

" ဟုတ်သားပဲ။
ဒီရောက်ပီးထဲကအကိုကျိရန်နဲ့မတွေ့ဖြစ်တော့တာ။
ကျွန်တော် လာခဲ့မယ်လေ အိမ်ကိုပဲလာရမှာမလား။"

"အင်း ဟုတ်တယ်ရိပေါ်။"

"ဒါဆိုဒါပဲနော် ကျွန်တော်ဖုန်းချလိုက်ပီ။"

ရိပေါ် ဖုန်းချလိုက်ပီး အဝတ်အစားလဲတယ်။

တီရှပ်ဖြူဖြူလေးနဲ့ဘောင်းဘီ အမဲလေးပါပဲ။
အပေါ်ကို အမဲရောင်လက်ရှည်ပဲထပ်ဝတ်ပီး မှန်ရှေ့ရပ်လိုက်တယ်။

မင်းသားတစ်ယောက်ဖြစ်ခဲ့တော့လဲအလှအပကကြိုက်တာပဲ။

ရင်ညွှန့်လောက်ရှည်တဲ့ ပလက်တီနမ်ဆွဲကြိုးလေးတစ်ကုံးဆွဲလိုက်တယ်။

လိုအပ်တဲ့ မျက်မှန် ဦးထုပ်နဲ့ maskတို့ကိုယူပီး အခန်းပြင်ထွက်လာတော့ အခန်းရှေ့ကကောင်မလေးတွေကအရိုအသေပေးတယ်။

ရိပေါ် မေမေ့ကိုရှာပီးခွင့်တောင်းဖို့လုပ်တယ်။

"မေမေ ကျွန်တော် ကျွန်တော် ့အကိုဆီသွားလည်ချင်လို့ "

"ပြောစရာမလိုပါဘူးသားရယ်
သားဒီရောက်ထဲကဘယ်မှမသွားရတာ
သွားလို့ရပါတယ်။ "

Good Bye My Prince Where stories live. Discover now