.
.
..
.
.အခန်းကျယ်တစ်ခုထဲမှာ ကြည့်သူမရှိတဲ့ video တစ်ပုဒ်ဖွင့်ထားတယ်။
video ထဲမှာက ချစ်စရာ ကောင်းလွန်းတဲ့ကောင်လေးတစ်ယောက်မသိအောင်ခိုးရိုက်ထားတဲ့ videoလေးတွေဖြစ်နေတယ်။
ကနေဒါနဲ့ နေထွက်စမနက်ခင်းဟာ သာယာစရာကောင်းပေမယ့် ရန်လီယိုကစီးကရက်တစ်လက်နဲ့အကျည်တန်းပစ်လိုက်တယ်။
၇ ထပ်မြင့်တဲ့စံအိမ်တစ်မျှခမ်းနားလှတဲ့ အိမ်ကြီးရဲ့အပေါ်ဆုံးဝရံတာကနေ အောက်ကိုငုံ့ကြည့်လိုက်တော့ သိလှတဲ့ကနေဒါမြို့ရဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်။
အနုပညာရှင်ဘဝထဲကနှုတ်ထွက်ပီး ကနေဒါမှာလေလွင့်နေခဲ့တဲ့ရန်လီယို ဟာစိတ်ကျရောဂါခံစားနေသူတစ်ယောက်လို
ဆံပင်ငွေရောင်တို့ကိုခပ်ဖွာဖွာလုပ်ပစ်လိုက်တော့ အမှတ်တရတချို့နဲ့အတူ မျက်ရည်တစ်စက်ကပေါက်ကနဲ ။
ဝမ်ရိပေါ်သိပ်သဘောကျခဲ့တဲ့သူ့ဆံပင်တွေကိုဘယ်လိုပုံပြောင်းရက်ပါ့မလဲ။
ရေစက်တွေကမှားပီးများဆုံစည်းခဲ့လေသလား။
ကိုယ့်ကိုဘယ်တော့မှမမြင်နိုင်တဲ့လူကိုမှချစ်မိခဲ့သလို ကိုယ့်ချစ်တာတောင်မသိပဲ ထွက်သွားခဲ့တဲ့လူတစ်ယောက်။
ဝမ်ရိပေါ်ရေ
နောက်ဘဝဆိုတာများရှိခဲ့ရင်
မင်းကိုတော့ကိုယ်အပိုင်ရချင်တယ်။ရန်လီယို အခန်းထဲကTV ဖန်သားပြင်ထက်က ပါးဖောင်းဖောင်းနဲ့ကောင်လေးကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
စီးကရက်လေးကိုပစ်ချပီးနင်းချလိုက်တယ်။
ဝရံတာရဲ့အစွန်းပေါ်တက်ထိုင်လိုက်ပီး မျက်စိမှိတ် လိုက်တယ်။
ဝမ်ရိပေါ်ရဲ့ပုံရိပ်လေးကိုမြင်ယောင်ပီးအနောက်ကိုလှန်ချလိုက်တယ်။
ဒီဘဝတော့ ....
.
.
.ရိပေါ်တို့အသိုင်းအဝိုင်းရဲ့ထမင်းစားပွဲမှာ ရှောင်းကျန့် ဟာငြိမ်နေတယ်။
ဘေးက ရိပေါ်လေးဟာငြိမ်ငြိမ်ကုတ်ကုတ်နဲ့ ထမင်းစားနေတယ်။
KAMU SEDANG MEMBACA
Good Bye My Prince