12

1.1K 81 0
                                    



unicode

.
.
.

မျက်စိထဲ မြင်နေရတဲ့ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့ရှောင် အိမ်တော်ကိုငေးမောနေမိတယ်။

"အိမ်ထဲဝင်ရအောင်လေ သား "

ကျန့်ယဲ့ယင်းကပြောပီးရိပေါ် ပုခုံးကိုဖတ်ပီးအိမ်ထဲဝင်တယ်။

ခြံဝကနေ အိမ်တော်ထိကို ေရာင်စုံကျောက်လေးတွေနဲ့လမ်းကလေးလုပ်ထားပီး ဘေးမှာ kiss me quick ပန်းတွေစိုက်ထားတယ်။

အိမ်ပေါက်ဝမှာ အသက်ကြီးနေပီဖြစ်တဲ့ အဘွားတစ်ယောက်က ဝတ်စုံတူကောင်မလေးနှစ်ယောက်ခြံရံပီးစောင့်နေဟန်တူတယ်။

"အိုက်ယိုး ဝမ်ရိပေါ် လေးကအပြင်မှာပိုချစ်စရာကောင်းတာပဲ ။
ဖြူဖွေးနေတာပဲ ။ "

ထိုအဘွားကပြုံးရင်းပြောလာတော့ ရိပေါ်ပြန်ပြုံးပြလိုက်တယ်။

"ဟုတ်တယ် မေမေ ရေ
ဒီလောက်ချစ်စရာကောင်းတဲ့ကလေးအပေါ် တစ်ချို့တစ်ချို့တွေကဘာလို့အကျင့်ယုတ်နေရလဲမသိဘူး ။"

ကျန့်ယဲ့ယင်း ဟာ ရှောင်းကျန့် ကိုစောင်းပီးပြောတယ်။
ရိပေါ် မသိမသာရှောင်းကျန့်မျက်နှာလေးကိုအကဲခတ်မိတော့စူပုပ်နေတာပဲ ။

"ကဲ ရှောင်အိမ်တော် ကနေကြိုဆိုပါတယ် ရိပေါ်လေး
သားအိမ်လိုပဲသဘောထားပီးစိတ်တိုင်းကျနေနိုင်တယ်။
စိတ်ကိုလွှတ်ထားပီးပျော်ပျော်လေးနေပေးပါ ။
ကျန်တာ ဘွားတို့ကိစ္စပဲထားလိုက် ။"

ဘွားဟာပြောပီး ရိပေါ်ခေါင်းလေးကိုပွတ်ပေးတယ် ။

"ရှောင်အိမ်တော် တစ်ခုလုံးကိုကြေငြာလိုက်တော့
ဝမ်ရိပေါ်ဆိုတာ ရှောင်အိမ်တော်ရဲ့သခင်အသစ်ပဲလို့ ။
ပီးတော့ ဒီကလေးမလေးတွေကိုဘာလိုလိုပြောလို့ရတယ် ။
ဟုတ်ပီလား "

ကျန့်ယဲ့ယင်းပြောလိုက်တော့ရိပေါ်ခေါင်းငြိတ်တယ် ။
အခုမှသတိထားမိတယ်။

တစ်အိမ်လုံးမှာသွားလာလှုပ်ရှား နေကြတဲ့ ကောင်မလေးတွေဟာ အကုန်လုံးဝတ်စုံဆင်တူလေးတွေပဲ။

အပေါ်အဖြူ အောက်အမဲ ဂါဝန်ဒူးလောက်လေးတွေကိုယ်စီနဲ့ဖြစ်တယ်။

Good Bye My Prince Where stories live. Discover now