'' ဘူးညွန့်က ငါးညွန့် တစ်စီး စီးရမှာမလား အမေ...''
''ဟုတ်တယ် သား ၊ အမေ ခရမ်းသီးနဲ့ ခဝဲသီး သွားကောက်လိုက်အုံးမယ်...''
ဝါးခြင်းတောင်း တစ်ခုအား ခါးစောင်းတွင် တင်ကာ ရေနံဆီမီးခွက် အလင်းရောင်တစ်ချို့နဲ့ လမ်းဘေး လမ်းမီးတိုင်တွေဆီမှ မီးရောင်အနည်းငယ် ထိုးနေသည့် အာရုံဦး မီးခွက်ဈေး လေးထဲ လမ်းလျှောက်သွားသည့် အမေ။ စည်းကတော့ ဖုန်းဆိုင်တစ်ဆိုင်ရှေ့က မီးခွက်ဈေးမှာ သူတို့ရောင်းလေးရှိသည့် နေရာလေးတွင် ဘူးညွန့်စည်းကာ ကျန်နေခဲ့သည်။
မနက်ခင်း မီးခွက်ဈေးလေးက မနက်စောစော လေးနာရီလောက်မှာ စပြီး အသက်ဝင်လေသည်။ စည်း တို့ကတော့ မနက်သုံးနာရီကျော်လောက်ကို အရောက်လာပြီး အပင်သယ်တွေဆီကနေ ကုန်စိမ်းကောက်ပြီးမှ ရောင်းကြတာ ဖြစ်သည်။
မြို့ရဲ့ ပင်မဈေးကြီး အပြင်မှာ ရောင်းသည့် အာရုံဦးဈေး ဖြစ်တာကြောင့် မနက်၆နာရီကျော်လျှင် ပင်မဈေးကြီး စတင်ဖွင့်ပြီး အမေသည်လဲ ဈေးအတွင်းမှာ ထပ်ရောင်းသေးသည်။ သူကတော့ ခုလို မနက်စောစော အမေ့ကို စက်ဘီးနဲ့လိုက်ပို့၊ ဝယ်ထားသည့် ကုန်စိမ်းတွေကို ပြန်ရောင်းရအဆင်ပြေအောင် ပြန်စည်းသင့်တာစည်း လုပ်ပေးကာ လေးနာရီကျော်လောက်မှ အိမ်ပြန်ပြီး တရေးအိပ်၊န်ိးလာမှ နေ့ခင်းရောင်းမည်အတွတ် ပြောင်းဖူးပြုတ်၊ကန်စွန်းဥ ပြုတ်၊မြေပဲပြုတ်၊ သဘော်သီး ခြစ်ပြီး သုပ်တဲ့ အလုပ်တွေလုပ်ပြီး အကုန်ပြီးလျှင် ဈေးရောင်းထွက်တော့သည်။ဒါက သူ့တစ်နေ့တာ ဖြတ်သန်းမှုပင် ။
စည်း အမေ့ကို ကူလူပ်ပေးပြီးနောက် အငယ်တွေစားဖို့ မနက်အစောကြီး ရွာဈေးသည်တွေကို အသုပ်စုံဖောက်သည်ပေးသည့် မီးခွက်ဈေး အသုပ်ဆိုင်လေးမှ တို့ဟူးသုပ်သုံးပွဲနဲ့ အဖေ့အတွတ် မုန့်ဟင်းခါးတစ်ပွဲ ပါဆယ်ဝယ်ကာ စက်ဘီးလေးနဲ့ အိမ်ပြန်လာခဲ့သည်။
စည်း အိမ်ပြန်ရောက်တော့ အဖေနဲ့အငယ်တွေ တစ်ယောက်မှ မနိုးသေး။ သူဝယ်လာတဲ့ မုန့်ဟင်းခါးနဲ့အသုပ်ထုပ်တွေကို မီးဖိုချောင်က တိုင်တစ်တိုင်ရှိ သံမှိုတွင် ချိတ်ထားလိုက်ပြီး အပေါ်ထပ်က သူ့အခန်းဆီ တတ်လာခဲ့ကာ တရေးအိပ်ရန် ပြင်၏။

ВЫ ЧИТАЕТЕ
လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍
Любовные романыသစ္စာဖောက်ခံလိုက်ရတာကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အသက်၃၀အရွယ် သော်တာ နဲ့ မိသားစု စားဝတ်နေရေးအတွတ် အချစ်ကို ဂျောင်ထိုးထားတဲ့ ၂၂အရွယ် အညတရကောင်လေး စည်းချက်ညီတို့ကြားက ချစ်ခြင်းနိဗ္ဗာန်လေးကို ပုံဖော်ရေးသားမဲ့ fiction တပုဒ်....။ Start Date...