'' သုန်သုန်...အမေနဲ့ကိုကြီး ဆေးသွားဝယ်လိုက်အုံးမယ် ၊အငယ်နှစ်ယောက်ကိုလဲ ကြည့်ထားလိုက်အုံး...'''' ဟုတ်... ကိုကြီး ''
'' အဖေ အိပ်နေတယ်... ငြိမ်ငြိမ်ဆော့ကြ အငယ်တွေ...''
'' ဟုတ် ကိုကြီး...''
အငယ်သုံးယောက်ကို သေချာမှာခဲ့ကာ မျက်နှာမကောင်းသည့် အမေအား အကျိုးအကြောင်းမေးဖို့ ဆေးရုံအခန်းအပြင်ဘက် ခေါ်လာခဲ့သည်။
'' အမေ....ဘာဖြစ်လို့လဲ.. ''
'' ဟင်း....သားကြီးရယ်... မင်း အဒေါ် နေ့ခင်းကျ ဒီကိုရောက်လာလိမ့်မယ်...''
'' အဒေါ် ဘာလာလုပ်တာတဲ့လဲ အမေ ''
ဆေးရုံရှေ့ အုတ်ခုံပေါ်တွင် သားအမိနှစ်ယောက် အတူထိုင်နေကြသည်။
ကိုမောင်ညွန့် အသဲက အရက်သောက်တဲ့ဒဏ်ကြောင့် သိပ်မကောင်းတော့၊အရက်ဖြတ်မှရမည်။ ကိုမောင်ညွန့် ကိုယ်တိုင်ကလဲ အရက်ဖြတ်မည်ဖြစ်ကြောင်း ဂတိပေးလာသည်။ထို့အတွက် ဒေါ်ကြာညို ပျော်ပါသည်။
ဖခင် ကိုယ်စား အမေနဲ့မောင်နှမတွေအတွက် အလုပ်လုပ်ကိုင်ကျွေးမွေးနေသည့် သားကြီးအတွက် ဒေါ်ကြာညို စိတ်မကောင်း ဖြစ်နေရသည်။
မနေ့ညက ဒေါ်ကြာညို ညီမ အေးသင်းက ဖုန်းဆက်လာသည်။ သူ့ယောင်္ကျားဘက်ကတော်သည့် တူမ နဲ့ သားကြီးကို အိမ်ထောင်ချပေးဖို့အကြောင်း ပြောလာသည်။
ဆန်စက်နဲ့ဆန်ဆိုင်တွေ ပိုင်ဆိုင်ပြီး တဖက်ကကောင်မလေးမိသားစုက ချမ်းသာသည်ပေါ့။
အေးသင်းက ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ရအောင် သားကြီးရဲ့ဓာတ်ပုံကို ထိုကလေးမအားပြလိုက်ရာကနေ သဘောကျသွားပြီး လာတွေ့ရန် ဆိုင်းပြင်းတော့သည်တဲ့။
'' မင်းအဒေါ် ယောင်္ကျားဘက်ကတော်တဲ့ တူမလေးနဲ့ သားကြီးကို ပေးတွေ့မလို့တဲ့...ကလေးမနာမည်က ယုယနိုင် ဆိုလား....''
သားကြီး မျက်နှာပျက်သွားသည်ကြောင့် ဒေါ်ကြာညို ပြောစကားတို့ ရပ်လိုက်၏။
သားကြီးကို မွေးထုတ်ထားသည့် အမေတစ်ယောက်အနေနဲ့ရော၊ကိုယ့်သားသမီးတွေကို အမြဲအကဲခတ်နေသည့်အတွက်ပါ သားကြီးနဲ့သော်တာတို့ကြား ဆက်ဆံရေးကို ဒေါ်ကြာညို သိနေခဲ့သည်။ ဒီအတွက်ကြောင့်လဲ ဒေါ်ကြာညို မျက်နှာမကောင်းတာ။

ESTÁS LEYENDO
လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍
Romanceသစ္စာဖောက်ခံလိုက်ရတာကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အသက်၃၀အရွယ် သော်တာ နဲ့ မိသားစု စားဝတ်နေရေးအတွတ် အချစ်ကို ဂျောင်ထိုးထားတဲ့ ၂၂အရွယ် အညတရကောင်လေး စည်းချက်ညီတို့ကြားက ချစ်ခြင်းနိဗ္ဗာန်လေးကို ပုံဖော်ရေးသားမဲ့ fiction တပုဒ်....။ Start Date...