Part. 17 🍀

3.9K 241 12
                                    

'' တကယ်ပါအေ...ကြားလို့မှမကောင်း ၊ ဒေါ်ကြာညိုရဲ့သားက မိန်းမအစား လင်ယူတာတော်၊ လူလေးကရုပ်လေးလဲမဆိုးဘူး...ပိုင်းလုံးသဘောဖြစ်နေတာ...''

'' ဟိုကောင်လေးက သားအဖြစ်စွန့်လွှတ်ခံရတယ်လို့ ငါလဲကြားတယ်...ပြီးတော့ သူကလဲဇိုးတစ်ယောက်တဲ့ အေ....''

'' စည်းချက်ညီက မဆိုးလှဘူးမှတ်တာအေ...တကယ်က ရွံစရာပိုင်းလုံးဖြစ်နေတာ...''

'' လုံးတင်မ....ညည်းတို့က အရမ်းအားယားနေကြတာလား၊ကျူပ်သားတွေကို  ဝေဖန်နေရအောင် ကိုမောင်ညွန့်ရဲ့မယားငယ်တွေမိုလို့လား...ဟေ ကောင်မတွေရဲ့...''

နေ့လည်ခင်း စျေးသိမ်းပြီးပြန်လာတဲ့ ဒေါ်ကြာညိုမှာ လမ်းထိပ် ကုက္ကိုပင်ရိပ်အောက် အတင်းထိုင်ပြောနေတဲ့ ရပ်ကွက်ထဲက. လုံးတင်မတို့တစ်စု​ အတင်းပြောနေသည်အားကြားတဲ့အခါ မောကလဲမော ဒေါသကလဲထွက်နဲ့ စျေးတောင်းခေါင်းကနေချပြီး လက်ညှိုးငေါက်ငေါက်ထိုးကာ ရန်ပြန်တွေ့တော့သည်။

'' ရှင် ဘာပြောလိုက်တာလဲ..... ကျုပ်တို့ကိုများ မယားငယ်မတဲ့၊ တော်  လွန်မလာနဲ့နော်....''

'' အေး....အပြောမခံချင်ရင် သူများအကြောင်း အတင်းမတုတ်ကြနဲ့လေ...ကောင်မတွေရဲ့.....''

'' ကျုပ်တို့ပြောတာ ဘယ်နေရာမှားနေလို့လဲ....''

စကားထက်စာရင် လက်နဲ့သာ ဖြေရှင်စချင်နေသည့် သူ့စိတ်တွေအား ဒေါ်ကြာညိုထိန်းနေပင်မဲ့  ထမီကိုတော့ ခပ်တိုတိုပြင်ဝတ်ထားလိုက်သည်။

အလကားနေ အလကား တစ်ရပ်ကွက်လုံး၊တစ်နိုင်ငံလုံးအကြောင်း အတင်းတုတ်နေတဲ့ဟာမတွေကို သူကြည့်မရတာကြာပြီ။ကိုယ်တွေမိသားစုအကြောင်း ပြောမလာသေးလို့သာ ဒေါ်ကြာညိုတို့က ငြိမ်နေခဲ့တာ။

'' ဘယ်နေရာမှားလဲဆိုတော​့ ငါ့သားကို ပိုင်းလုံးလို့ပြောတဲ့ နင့်ပါးစပ်ပဲ ကောင်မရဲ့.....ဖြန်း...ဖြန်း....''

ထိန်းမရတော့သော ဒေါသတွေကြောင့် လုံးတင်မပါးအား ဘယ်ပြန်ညာပြန်ရိုက်ချပလိုက်၏။

'' အား....ဒေါ်ကြာညို ရှင်လွန်မလာနဲ့နော်...''

လုံးတင်မနဲ့ဒေါ်ကြာညို နှစ်ယောက် လုံးထွေးရိုက်ပုတ်နေကြရင်း ဒေါ်ကြာညို တွန်းလှဲလိုက်တာကြောင့်  လုံးတင်မ မြေကြီးပေါ်လဲကျသွားသည်။ အနားကကောင်မနှစ်ယောက်ကလဲ ဒေါ်ကြာညိုဆီ ဝင်းလုံးဖို့ပြေးလာကြသည်ကို မြင်တော့  သူ အနားက အုတ်ခဲကျိုးတစ်ခုအား ကောက်ပြီး

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Donde viven las historias. Descúbrelo ahora