တစ်စုံတစ်ယောက်ကို ချစ်မိရင် သဝန်တိုမှုက မဖိတ်ခေါ်ပဲ ရောက်လာတတ်သည် ထင်ပ။ သူ့ချစ်ခြင်းနိဗ္ဗာန်လေး အစ်ကို တင်ထားသည့် ပိုစ့်တစ်ခုကြောင့် သူ့ရင်မှာ သဝန်တိုမှုတွေ လှိုက်ခပ်လာလေ၏။
'' ဒီရှုခင်းတွေကို ကိုယ်နဲ့ဘယ်သူလိုက်ကြည့်ပေးမလဲ...''
ဒီ Caption နဲ့ သူတို့မြို့ပြင်မှာရှိတဲ့ စိမ်းစိုတဲ့တောင်တန်းကြီးတွေကို ရိုက်တင်ထားတဲ့ပုံ အား တင်ထားခြင်း ဖြစ်သည်။ တင်ထားတာက စည်းနဲ့ လာမတွေ့ခင် အိမ်ကနေ ပိုစ့်တင်ခဲ့ဟန် ရှိသည်။ အိမ်ပြန်ရောက်မှ ဖုန်းကြည့်မိတာကြောင့် စည်း ခုမှသိရတာ။ အစ်ကို့ပိုစ့်အောက် ကောင်မလေးတွေ ဝုန်းခပ်နေအောင် မန့်ထားသည်။ စည်း မန့်တွေကို ဖတ်ရင်း သဝန်တိုမှုတွေက တရိပ်ရိပ်။ သို့ပင်မဲ့ အစ်ကိုဆိုတဲ့ လူသားဟာ သူ သဝန်တိုပိုင်ခွင့် မရှိတဲ့ မှိန်ဖျော့ဖျော့ ရင်းနှီးမှုလေးတစ်ခုသာ။ အချိန်မရွေး မေးထူးခေါ်ပြောအဆင့်သို့ ပြန်ကျသွားနိုင်သည့် အနေအထားလေးတစ်ခုပါပဲ။
'' ကိုယ် ပြန်ရောက်ပြီ.... ညီ... ''
Messenger ကနေ အစ်ကို ပို့လာတဲ့ စာလေးကြောင့် စည်းမျက်ဝန်းတွေမှာ ပျော်ရွှင်မှုအရိပ်ယောင်လေး လက်ခနဲဖြစ်သွား၏။ ဟုတ် bro လို့ ပို့လိုက်တော့ စကားထပ်မဆက်တော့၊ စည်း မှာ ပြောစရာတွေ တစ်ပုံကြီးရှိပင်မယ့် ထုတ်ပြောဖို့သတ္တိ သူ့မှာမရှိ။ fb ကနေ noti တွေတတ်လာလို့ ကြည့်မိပြန်တော့ အစ်ကိုက မန့်တွေကို reply ပြန်နေခြင်းသာ။
အဘိုးကြီးရေ အတူတူ သွားကြမယ်၊ ကိုကြီးရေ ညီမနဲ့အတူသွားမယ် စသည်ဖြင့် အီစီကလီမျိုးစုံ မန့်တွေအား အတူတူသွားကြမယ် အဘွားကြီး တို့၊ သွားကြမယ် ကလေးရေနဲ့ ပြန်မန့်နေတဲ့ အစ်ကိုကြောင့် ရင်ထဲဝမ်းနည်းခံပြင်းမှုတွေက တိုးဝင်လာခဲ့ပြန်၏။
ဖုန်းကို အိပ်ယာပေါ် ပစ်ချခဲ့ပြီး သူ့အခန်းခေါင်းရင်းဘက်က ပြတင်းတံခါးဆီ လျှောက်သွားလိုက်သည်။သစ်သားပြတင်းတံခါးအား အသာအယာတွန်းဖွင့်ရင်း ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ငေးကာ သက်ပြင်းချမိပြန်သည်။
သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း ကောင်းကင်ယံထက် ပျော်မြူးနေသည့် လမင်းကြီးအား ဆုပ်ကိုင်ဖို့ ကြိုးစားနေမိတဲ့အခါ ဆုပ်ကိုင်ဖို့ ကြိုးစားလေ လမင်းကြီးနဲ့သူ့အကြား အကွာအဝေးက ကွာခြားလေမှန်း သိသာလာလေ ပါပဲ။ အစ်ကိုဟာ ကောင်းကင်က လတစ်စစင်းမို့ ခုလျိုပဲ သူဖမ်းယူဆုပ်ကိုင်ထားဖို့ မဖြစ်နိုင်တဲ့ အဖိုးတန် ဖြစ်တည်မှုလေး တစ်ခုသာ။

ВЫ ЧИТАЕТЕ
လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍
Любовные романыသစ္စာဖောက်ခံလိုက်ရတာကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အသက်၃၀အရွယ် သော်တာ နဲ့ မိသားစု စားဝတ်နေရေးအတွတ် အချစ်ကို ဂျောင်ထိုးထားတဲ့ ၂၂အရွယ် အညတရကောင်လေး စည်းချက်ညီတို့ကြားက ချစ်ခြင်းနိဗ္ဗာန်လေးကို ပုံဖော်ရေးသားမဲ့ fiction တပုဒ်....။ Start Date...