Part. 16

3.6K 229 8
                                    


'' အစ်ကို....ကျွန်တော် တောင်းပန်ပါတယ် ၊ကျွန်တော်ကြောင့်...''

'' မင်းဘာအမှားလုပ်ထားလို့လဲ ၊ တကယ်တောင်းပန်ရမယ်ဆို မင်းကို ကိုယ့်ဘဝထဲဆွဲသွင်းမိတဲ့ ကိုယ်ကသာတောင်းပန်ရမှာမလား...''

'' မဟုတ်ဘူး အစ်ကို ၊ကျွန်တော့်လို အညတရကောင်ကြောင့်သာ အစ်ကိုခုလိုတွေ ကြုံတွေ့နေရတာပါ...''

သော်တာ မရှည်သောစိတ်ကို ဒေါသမထွက်အောင်ဆွဲဆန့်ရင်း စိတ်မကောင်းဖြစ်နေသည့် ညီ့အား သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်၏။ သူ့လက်ချောင်းသွယ်တွေက ညီ့မျက်နှာချောချောထက် ဆုံဆန်စွာပြေးလွှားနေပြီး ပွတ်သက်ချော့မြူနေမိသည်။

ညီ့အိပ်ယာခေါင်းရင်းဖက်ကို သော်တာမှီချလိုက်ပြီး သူ့မျက်လုံးအစုံအား ပိတ်ချလိုက်သည်။ ခုနေ့ဟာ သူတို့နှစ်ယောက်အတွက် ချိုချဥ်ဖန်ခါး အစုံစုံ ခံစားခဲ့ရတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ် ။

သူ့ဘဝမှာ အမေနဲ့အဆက်အသွယ်ဖြတ်ခဲ့ရမယ်လို့ ယောင်လို့တောင်မတွေးခဲ့တာ။ ခုတော့ မမျှော်လင့်ထားတာတွေ ဖြစ်ခဲ့ရတယ်။ ဒါပင်မဲ့ သူ့လိုလူမိုက်ကြီးက နောင်တရလဲမိုက်မြဲမိုက်ဆဲပါပဲ။ အသက်ရှင်သရွေ့ သူ့ဘဝမှာ စည်းချက်ညီဆိုတဲ့ကောင်လေးကို စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး ။

နှစ်ယောက်လက်တွဲဖို့ ရွေးချယ်တဲ့အခါ သူသာလူမိုက်ကြီး ဖြစ်ချင်တယ် ။ ဖြစ်လဲဖြစ်သွားခဲ့ပြီ မဟုတ်လား။ ညီ့ကို သူ့အသက်နဲ့ချိန်းခြောက်ပြီး တွေဝေမနေအောင်လုပ်တယ်။ပြီးတော့ အဆင့်တတ်ခဲ့တယ်။ ခုလဲ အ​မွေကိုအကြောင်းပြပြီး သူ့ဆီကနေ ညီ့ကို ဆွဲထုတ်ပြီးမိန်းမပေးစားဖို့လုပ်နေတဲ့ ညီ့အဒေါ်ကို ရပ်ကွက်လူကြီးစုံရာရှေ့မှာ ငွေထုတ်နဲ့ နှင်ထုတ်ခဲ့တယ်။စည်းချက်ညီဟာ သူတစ်ယောက်ထဲ ပိုင်ဆိုင်ကြောင်း လူအများရှေ့ သိသာစေခဲ့တာ ၊ဒါကြောင့် တကယ့်တကယ်တောင်းပန်ရမယ်ဆို တောင်းပန်သင့်တဲ့သူက သော်တာဆိုတဲ့သူမဟုတ်လား ။

'' ညီ.... မင်းသိလား၊ ခုကစပြီး မင်း ငါ့ဆီကနေ ဘယ်မှထွက်ပြေးလို့မရတော့ဘူးဆိုတာ....''

'' အစ်ကိုသိလား...ကျွန်တော့အတွေးထဲ အစ်ကိုဟာ ကျွန်တော်နဲ့မထိုက်တန်တဲ့လတစ်စင်းလို့ အမြဲမှတ်ယူခဲ့တာ၊ဒါပင်မဲ့ ခု အစ့်ကိုကို ကျွန်တော်ပိုင်ဆိုင်ခဲ့ရပြီ၊ဒါကြောင့်  အစ်ကို ကျွန်တော့်နားမနေချင်လို့ထွက်ခွာသွားတဲ့တစ်နေ့ကျရင်လဲ ကျွန်တော်က အစ့်ကို့ကိုဘယ်တော့မှလွှတ်ပေးမှာမဟုတ်ဘူး ဆိုတာ...''

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Donde viven las historias. Descúbrelo ahora