part. 15 🍀📛

5.5K 276 38
                                    

  နွေးထွေးသည့် နေရောင်ခြည်က ပြတင်းတံခါးမှတစ်ဆင့် အိမ်ထဲသို့ ဖြာကျနေပြီး အရာအာလုံး တိတ်ဆိတ်ငြိမ်သက်နေကာ နှစ်ယောက်အကြား ထွက်ပေါ်လာသည့် နမ်းရှိုက်သံတို့ကသာ မင်းမူနေ၏။

'' အစ်ကို....ကျွန်တော့်ကို သိမ်းပိုက်ပေးပါ ''

နမ်းနေရာမှ ဖယ်ခွာလိုက်ရင်း ညီ ပြောလာသည့်စကားကြောင့် သော်တာ အံ့သြသင့်သွားမိသည်။

နှစ်ယောက်အကြား နောက်ဆုံးအဆင့်ထိ ရှေ့ဆက်တိုးဖို့ သူနဲ့ညီကြား ထုတ်ဖော်ပြောပြစရာမလိုအောင် နားလည်နေသည့် အခြေအနေကို ေရာက်ရှိနေသည်။ ဒါဆို သော်တာဘာ​ကြောင့် အံသြသင့်သွားရတာလဲ။

အကြောင်းကတော့ အရင်းနှီးဆုံး အခြေနေကို အတူရှေ့ဆက်ဖို့တွေးတဲ့အခါ ညီ့ဆီက အစ့်ကို့ကိုသိမ်းပိုက်ခွင့်ပြုပါဆိုသော ခွင့်တောင်းစကားသာ ထွက်လာမည်လို့ ထင်မှတ်ခဲ့တာ။

တကယ်ကြ ဒီကောင်လေးက ကျွန်တော့်ကို သိမ်းပိုက်ပေးပါ တဲ့လား။ ဟား...သော်တာကို ကြွေပြီးရင်းကြွေအောင် ခြွေနေတော့တာပဲ ။

ရင်ထဲမှာ ပျော်ရွှင်ခြင်း မီးရှူးမီးပန်းတွေ ပေါက်ကွဲနေသော်လည်း သော်တာရဲ့ မျက်နှာတွင်တော​့ မှုန်ကုပ်ကုပ်အသွင်သာ တည်ရှိနေ၏ ။

'' ငါက မင်းကို သိမ်းပိုက်မယ်လို့ ထင်လား... ''

သူနဲ့ အစ်ကို့ နှာခေါင်းထိပ်ဖျားတို့ အချင်းချင်းထိစပ်နေသည်အထိ နီးကပ်နေသည်။ ထိုအချိန် အေးစက်စက် ပြောလာသည့် အစ်ကို့စကားတွေကြောင့် စည်း ရင်ထဲ ခံစားချက်တို့မကောင်းတော့၊ထိန်းနေသည့်ကြားမှ မျက်နှာတစ်ချက် ကွက်ခနဲပျက်သွားမိ၏။

သူက အစ်ကို့ကို စိတ်ကျေနပ်မှု ရှိစေမှာမဟုတ်ဘူး၊ သူက ယောင်္ကျားတစ်ယောက်သာဖြစ်သည်ဆိုတာ မမေ့သင့်ဘူးမလား။

ချောမောခန့်ညားတဲ့ ကောင်လေးရဲ့မျက်နှာက တစ်မဟုတ်ချင်း ပျပ်ယွင်းသွားတော့ မဟုတ်မဟတ်အတွေးတွေ တွေးနေပြီဆိုတာ သော်တာ သဘောပေါက်လိုက်သည်။

ဟက် ကနဲ တစ်ချက်ရယ်လိုက်ပြီး ညီ့အိင်္ကျီကို သူ့ဘက်ဆောင့်ဆွဲလိုက်ပြီး ကိုင်းချလာသည့် မျက်နှာချောချောထက်က နှုတ်ခမ်းညိုလေးအား အားပြင်းပြင်း အနမ်းတို့ပေးကာ အောက်နှုတ်ခမ်းအား ခပ်စစဖိကိုက်ပြီးမှ လွှတ်ပေးလိုက်၏။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Donde viven las historias. Descúbrelo ahora