Part 8 ☘

4.3K 314 46
                                    


'' စည်း....အစ်ကိုသော်တာ ဘာဖြစ်နေတာလဲ ၊ ညက မင်းတို့အိမ်မှာ လာအိပ်တာက  သူ့မှာ ပြသာနာရှိလို့လား မသိဘူးနော် ၊ ခုလဲ မျက်နှာ သိပ်မကောင်းဘူး... ''

'' အင်း...ငါလဲ သတိထားမိတယ်.... ''

သူ့သူငယ်ချင်း မျက်နှာကပါမကောင်းတော့တာကြောင့် တေဇ နားမလည်တော့၊ ဒီကောင် စည်းက အစ်ကိုသော်တာ့ကို အတော်ခင်လို့ စိတ်ပူသွားတာ ဖြစ်ရမည် ။ အစ်ကို သော်တာကိုလဲ တေဇ ခင်သည်။ သူဠေးသား ဆိုသော်လည်း အဆင့်အတန်းမခဲွဲခြားပဲ ခင်တတ် ကူညီတတ်သူကို မခင်သည့်သူ ရှိပါ့မလားလေ။

အစက ဆိုင်ကယ်နဲ့သာ အေးမိစံ ကို အပ်ဖို့ အစီစဥ် လုပ်ထားသော်လည်း ညက စည်းတို့အိမ် လင်မယားနှစ်ယောက် အလည်သွားရင်း အစ်ကိုသော်တာ ရောက်နေကြောင်း သိရသည်။  မနက်ကျ light truck တစ်စီး သူ စီစဥ်ထားကြောင်းနဲ့ ကားငှားခက အကြိုမင်္ဂလာလက်ဖွဲ့ပေးတာဟု  ပြောလာသည့် အစ်ကိုသော်တာ ကြောင့် တေဇတို့ လင်မယားမှာ ကျေးဇူး တွေ အထပ်ထပ်တင်နေမိသည်။

မိဘတွေ သူ့အပေါ်မကောင်းပင်မဲ့ စည်းနဲ့ အစ်ကိုသော်တာလို သူငယ်ချင်းကောင်းတွေရှိလို့ တေဇ အတိုင်းမသိပျော်ရသည်။သူတို့ အကူအညီလိုအပ်ချိန်မှာလဲ သူတို့လင်မယား တတ်နိုင်သမျှပြန်ကူညီနိုင်အောင် ကြိုးစားမည်ဟု ဆုံးဖြတ်ထားကြသည်။

'' ကို ရေ....ရွာထဲက အမျိုးတွေ ရောက်လာပြီ၊ ကို့ကို မြင်ချင်လို့တဲ့....အစ်ကိုစည်းရော လာတော့လေ၊ အစ်ကိုသော်တာ မနက်စာစားဖို့ စောင့်နေပြီ....''

'' လာပြီ  ...ချစ် ရေ၊ သွားမယ် ငါ့ကောင်ကြီး... မှိုင်မနေနဲ့၊ ညနေကျမှ အစ်ကို့ကို ေမးကြည့်...''

တေဇ စကားကို ခေါင်းညိမ့်အဖြေပေးလိုက်ပြီး သူတို့လင်မယား နဲ့အတူ ခြံအနောက်ဖက်ကနေ အိမ်ဆီသို့  ပြန်လိုက်ခဲ့သည်။

စည်း စိတ်ထဲ ညက အစ်ကို အိပ်ပျော်နေတုန်း အစ်ကို့ နဖူးလေးကို ခိုးနမ်းမိခဲ့သည့်အကြောင်းကို အစ်ကိုများ သိသွားတာလား ဆိုသည့်အတွေးတွေဖြင့်  တေဇ မင်္ဂလာကိစ္စ နဲ့ အေးမိစံ တို့ အိမ်ကို ရောက်နေသည်ကိုပင် သတ်ိမပြုမိသည်အထိ။

 လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍 Where stories live. Discover now