သုံးနှစ်ခန့်ကြာပြီးနောက်.....'' သားစည်း....နားတော့ ၊အမေ သက်သာပါပြီ... ''
နာရီဝက်ကျော် နှိပ်ပေးနေသည့် သားမက်လေးကို ဒေါ်နှင်းဆီ ထပ်မနှိပ်တော့ရန် တားလိုက်သည်။ အရင်တစ်နှစ်က သွေးတိုးပြီး လေတစ်ဖက်ဖြန်းချင်သလိုဖြစ်သွားသည့် ဒေါ်နှင်းဆီမှာ သုံးနှစ်ကြာမှ လူကောင်းနီးပါး ထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့သည်။
လူမမာဖြစ်ပြီဆိုကထဲက ဆေးကုဖို့တတ်နိုင်ဖို့လိုသလို ပြုစုစောင့်ရှောက်သူကောင်းမှလဲ မြန်မြန် နလန်ပြန်ထူနိုင်သည်မဟုတ်လား။ ဆီးဝမ်းမနိုင်သည့် အခြေနေတွေပါကြုံတွေ့ခဲ့ရပြီး ထိုအချိန် ချွေးမရတနာသည်လဲ ကိုယ်ဝန်ရှိနေချိန်နှင့်တိုးသည့်အခါ ကိုယ်ဝန်အကြောင်းပြချက်ဖြင့် သူ့မိဘအိမ်ပြန်နေခွင့်ပြုရန် ခွင့်တောင်းသည့်အခါ စကားကောင်းစွာမပြောနိုင်တော့သည့် ဒေါ်နှင်းဆီမှာ ခေါင်းညိမ့်ပြပြီး ခွင့်ပြုခဲ့သည်။
သူနေမကောင်းသည့်သတင်း ကြားပြီးပြီးချင်း သားငယ်တို့နှစ်ယောက် သူ့ဆီအပြေးလာခဲ့တာကို ဒေါ်နှင်းဆီ ခုအချိန်ထိအမှတ်ရမိနေဆဲ။ သားငယ် အိမ်ကနေဆင်းသွားကထဲက နေ့ရက်တိုင်း ဒေါ်နှင်းဆီမျှော်နေခဲ့မိတာ။ သဘာဝမကျတဲ့အိမ်ထောင်ရေးမှာ သားငယ်တို့နှစ်ယောက်မမြဲနိုင်ဘူးလို့ သူမယုံကြည်ခဲ့တာ။ သို့ပင်မယ့် သူမ တွေးထင်ခဲ့သလိုမဟုတ်ခဲ့။
သားငယ်ပြန်ရောက်လာတော့ သားကြီးနဲ့ထိုးမယ်ကြိတ်မယ်တွေ ဖြစ်တဲ့အခါ ဝူးဝူးဝါးဝါးနဲ့ ဒေါ်နှင်းဆီ တားမြစ်ခဲ့တယ်။ မင်း ဒီမှာပြန်လာနေရင် ငါတော့မနေနိုင်ဘူးဆိုပြီး သူ့မိန်းမဆီသွားနေခွင့်တောင်းသည့် သားကြီးကို ဒေါ်နှင်းဆီ ကြည်ဖြူစွာနဲ့ခွင့်ပြုခဲ့တယ်။
သားသမီးတွေ ကောင်းကောင်းဆိုးဆိုး မိဘတွေကတော့ အချစ်မပျက် ချစ်စဲပါပဲ။ သားကြီးတို့လင်မယားကို ဒေါ်နှင်းဆီ ချစ်မြဲချစ်စဲ။ ဒါပင်မယ့် သားငယ်နဲ့သားစည်းကိုတော့ အားကိုးမိသလို ပိုအချစ်ပိုမိတယ်။
မရွံမရှာနဲ့ သူမဝေယျာဝစ္စတွေကို မညီးမညူလုပ်ကိုင်ပေးတဲ့ သားစည်းကြောင့် ဒေါ်နှင်းဆီမှာ သားငယ်လေးနောက်တစ်ယောက်ထပ်ရလာခဲ့သလို ခံစားခဲ့ရသည်။
![](https://img.wattpad.com/cover/318862027-288-k779968.jpg)
YOU ARE READING
လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍
Romanceသစ္စာဖောက်ခံလိုက်ရတာကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အသက်၃၀အရွယ် သော်တာ နဲ့ မိသားစု စားဝတ်နေရေးအတွတ် အချစ်ကို ဂျောင်ထိုးထားတဲ့ ၂၂အရွယ် အညတရကောင်လေး စည်းချက်ညီတို့ကြားက ချစ်ခြင်းနိဗ္ဗာန်လေးကို ပုံဖော်ရေးသားမဲ့ fiction တပုဒ်....။ Start Date...