'' မင်း ခိုးနမ်းခဲ့တဲ့ အဖိုးအခအဖြစ် ဒီတသက်လုံး ကိုယ် တစ်ယောက်ထဲကိုပဲ ချစ်သွားရမယ်... ညီ ''
ေသာ်တာ ပြောလိုက်တော့ ညီက ေသာ်တာ့ကို ပိုပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်လာသည်။ သော်တာ့ ပခုံးတစ်ဖက်အပေါ် စိုစွတ်တဲ့ အထိအတွေ့ကြောင့် သူ့အား တင်းတင်းဖက်ထားသည့် ကောင်လေးအား အားစိုက်ကာ အတင်းဆွဲခွာလိုက်တော့ အရပ်ကြီးနဲ့မှမလိုက် ငိုနေသည့် ညီ့ကို တွေ့လိုက်ရသည် ။
'' ဘာလို့ လဲ ၊ ကိုယ်ပြောတာကို လက်မခံနိုင်လို့လား...''
အစ်ကို့စကားအား စည်း ခေါင်းအမြန်ခါပြီး မဟုတ်ဘူးဟု ပြန်ဖြေကာ မျက်ရည်တွေက်ိုလဲ လက်ခုံနဲ့ အကြမ်းပတမ်း ပွတ်ဆွဲကာ သုတ်ပစ်လိုက်သည်။
'' ပျော်လို့ပါ ၊ ဆက်ချစ်ခွင့် ပေးလို့ကျေးဇူးပါ အစ်ကို ၊ဒါနဲ့ အစ်ကိုတို့နှစ်ယောက် အရမ်းလိုက်ဖက်တယ်... သိလား ''
'' အွန်း....''
အစ်ကိုက သူ့စကားကို ထောက်ခံလိုက်တော့ စည်းရင်ထဲ ချဥ်စူးသွားရသည်။ တဆက်ထဲ အစ်ကိုက သူ့မျက်နှာအား လက်နဲ့ ဆွဲချလိုက်ပြီး စည်းရဲ့ နှုတ်ခမ်းအား သူ့နှုတ်ခမ်းနဲ့ ထပ်တူကျစေလ်ိုက်၏။
ချယ်ချယ် နဲ့ သူ့အား ချစ်သူတွေလို့ ထင်နေတဲ့ ကောင်လေးကို သော်တာ စိတ်တိုစွာဖြင့် နမ်းပစ်လိုက်၏။
အင်အားမသေးလှတဲ့ အမျိုးသားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ကာ အပြိုင်အဆိုင် နမ်းနေသည်က ဘေးနားရှိ လေထုကိုပါ ပူလောင်ပြင်းပြ လာစေသည်။
အစ်ကို့ဘက်က စနမ်းလိုက်တာကြောင့် ခဏတာ အံ့သြသွားရပင်မဲ့ ထိကပ်လာတဲ့ အစ်ကို့ အသက်ရှူသံနွေးနွေးနဲ့ နှုတ်ခမ်းပါးကြောင့် အနမ်းတိုက်စစ်ကို စည်းဘက်ကလဲ ပြန်စတင်ခဲ့၏။
အပေးအယူ မျှတစွာနဲ့ အနမ်းတိုက်စစ်ကို အတူတိုက်ခဲ့ကြပြီးနောက် နှစ်ယောက်ရဲ့ နှုတ်ခမ်းသားတွေထက် ကိုက်ရာလေးေတွ နေရာယူသွားလေ၏။
သော်တာ ညီ့နှုတ်ခမ်းတွေကို နမ်းရှိုက်ရတာ အားမရသည်နှင့် သူ့လျှာကို ထုတ်လိုက်ပြီး ညီ့ခံတွင်းထဲ အလည်သွားရန် ပြင်လိုက်သည်။ သူ့ လျှာဖျားနဲ့ ညီ့နှုတ်ခမ်းအား တချက်သပ်ချလိုက်တော့ ကြောင်အ စွာနဲ့ လှုပ်ရှားမှု ရပ်တန့်သွားသည့် ညီ့ကို အခွင့်ကောင်းယူပြီး ညီ့ခံတွင်းထဲ သူ့လျှာအား သွင်းလိုက်ကာ တစ်ဖက်ရှိ လျှာနုလေးကို မထိတထိ ကျီစယ်ပြီး သူပိုင်ဆိုင်ရာရပ်ဝန်းအနှံ့ သူ့လျှာနဲ့ ပွတ်ဆွဲကာ အနမ်းတို့အား နက်ရှိုင်းစွာ ထပ်ဆက်ပြန်၏။
ESTÁS LEYENDO
လတစ်စင်းနဲ့ချစ်ခြင်းနိဗ္ဗာန် (completed) 🍀😍
Romanceသစ္စာဖောက်ခံလိုက်ရတာကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အသက်၃၀အရွယ် သော်တာ နဲ့ မိသားစု စားဝတ်နေရေးအတွတ် အချစ်ကို ဂျောင်ထိုးထားတဲ့ ၂၂အရွယ် အညတရကောင်လေး စည်းချက်ညီတို့ကြားက ချစ်ခြင်းနိဗ္ဗာန်လေးကို ပုံဖော်ရေးသားမဲ့ fiction တပုဒ်....။ Start Date...