"ငေး~~" အပိုင်း(၁)

1K 38 3
                                    

Unicode

"မှာထားတာရပါပြီနော်.."

ထိုအချိန် ကောင်မလေးကဖုန်းပြောနေသည်ကိုရပ်တန့်၍ အပြုံးတစ်ပွင့်ပန်ဆင်လျက်ကော်ဖီခွက်ကိုယူကာ အပြင်သို့ထွက်လာခဲ့သည်။ဝယ်လာသည့်ကော်ဖီကို အေးဆေးသောက်ရင်း လူငယ်ဆန်ဆန်တက်ကြွစွာခြေလှမ်းများလျှောက်လှမ်းနေသည်။

သို့သော် ကောင်လေးတစ်ယောက်က ပန်းစည်းကိုင်လျက်ဘေးနားကဖြတ်သွားသည်ကိုတွေ့လိုက်သောအခါ သူမ၏ခြေထောက်များရပ်တန့်သွားရပါသည်။သူမသည် ခပ်တွေးတွေးကလေးဖြစ်လာရပြန်သည်။

ဒေစီပန်းစည်းတွေ အင်း ဒေစီပန်းစည်းကိုမြင်တော့ တစ်စုံတစ်ဦးကိုသတိရမိသား။ထိုတစ်စုံတစ်ဦးနှင့်ပထမဆုံးဆုံတွေ့ရခြင်းကိုပြန်တွေးမိတော့ခပ်ပြုံးပြုံးကလေးဖြစ်ရင်းဦးတည်ရာကိုပြန်လှည့်ကာ ကော်ဖီလေးသောက်ရင်းသွားနေလိုက်သည်။ခြေလှမ်းများက "D စိမ့်"ဆိုသည်ပန်းဆိုင်လေးထဲဝင်သွားသည်။ဒီပန်းဆိုင်လေးကလည်း ထိုအမျိုးသမီးနဲ့ပတ်သတ်တဲ့အရာတစ်ခုပဲ။

အိတ်ကိုအသာချရင်း ကောင်တာမှာဝင်ထိုင်လိုက်သည်။ဘေးမှာချထားသည့် ဓာတ်ပုံအားကိုင်ကြည့်လိုက်သည်။ဓာတ်ပုံထဲတွင််သိပ်လှသည့်အမျိုးသမီးကိုတွေ့လိုက်ရသည်။ထိုအမျိုးသမီးတွင် ရင့်ကျက်မှုကိုအသက်အရွယ်နဲ့မလိုက်တွေ့နေရသလို မာန်မာနနဲ့အထက်တန်းဆန်မှုများလည်းတည်ရှိနေသည်။ထိုဓာတ်ပုံကိုကြည့်နေသည့်ကောင်မလေး၏မျက်ဝန်းထဲတွင်လွမ်းဆွတ်နေရိပ်များသန်းလာရသည်။သိပ်လှသည့်ဒီမျိိုးသမီးဘဝကသိပ်တော့ဇာတ်ကြောင်းမလှပေမဲဇာတ်ကြောင်းတစ်ပုဒ်ကောင်းတော့ဖြစ်ခဲ့လေရဲ့။

"ဒေါက် ဒေါက်"

ဒေါက်ဖိနပ်သံကြောင့်ဆေးရုံဝင်ပေါက်တွင်ခြေသံခပ်ကျယ်ကျယ်ကြားလိုက်ရသည်။ကြည့်ရုံနဲ့ဈေးအတော်ရှိမှန်းသိသာသည်။

မိန်းကလေးဝတ်အနောက်တိုင်းကိုဝတ်ဆင်ထားပြီး အပေါ်ကုတ်ကိုချွတ်ကာအောက်က ရှပ်အင်္ကျီကိုဒူးတောင်ဆစ်ထိခေါက်ထားပုံက ရင့်ကျက်သည့်ပုံပေါက်စေသည်။အဖျားကောက်ဆံပင်များကိုမြှောက်ကာ ပြောင်သိမ်းစီးထားတာကြောင့် တစ်ဖန်ကြည့်ကောင်းနေပြန်သည်။

"ငေး~~"Where stories live. Discover now