"ငေး~~"အပိုင်း(၂၂)

687 20 8
                                    

Unicode

ခ ငိုနေသည်ကိုချော့နေသောကလေးမရင်ခွင်ထဲအား ခ ဆက်၍ငိုနေမိခဲ့ပါ၏။နောင်ဖြစ်လာမဲ့အရာတွေကတွေးလို့ပင်မရနိုင်တော့သည်မှာအမှန်။တစ်ခုတော့ရှိသည် နောက်ဆုံးအချိန်ထိ ကလေးမကိုယ် ခ ဘေးမှာရှိနေစေချင်သည်။

"အမရာ ဘာလို့ငိုနေတာလဲ မငိုနဲ့တော့တိတ်တော့....အမဖို့လက်ဆောင်ပါတယ်"

"......."

"အမ..အမ မငိုပါနဲ့ဆိုအမရာ..အငိုသန်လေး.."

"ဘာအငိုသန်လေးလဲ....."

"မဟုတ်ဘူးလားပြော..အဟင်း.."

"ကလေးမနော်~"

အရီအနှောပြောလာသူကို ခ ဖြင့်မတွန်းလှန်နိုင်ပေါင်။ကလေးမနဲ့စောစောတွေ့ရင်ဖြင့်ကောင်းသား။

"အမ.."

"အွန်း..ရွှတ်..ဘာလို့တုန်း"

ငိုထားသည်မို့ ခ မှာနှာလေးတစ်ရှုံ့ရှုံ့နဲ့ပင်။

"ခ~"

ပြုံးပြီးခေါ်လာသည့် သူကြောင့် ငေးခနဲဖြစ်ရသူက ခ။ကလေးမကလူကိုသိပ်ဖမ်းစားလွန်းနိုင်တာပဲ။

"......."

"ခ~လို့ ခ~"

"ကလေးမနော် ဘာလို့တစ်အားခေါ်နေတာလဲ.."

"ခ ပဲခေါ်ခွင့်ပြုပြီးတော့.."

"ဟွန့်!"

တစ်ချက်ဟွန့်ပြုကာ ဟိုဘက်လှည့်သွားသည်က သူမကျေနပ်ပါဘူးပေါ့လေ။ကလေးလေးပါ့ကော။မောင့်ကလေးလေး~ အဟက်။

"အဲ့တာကခေါ်ချင်တိုင်းခေါ်လို့ရတာမှမဟုတ်တာ.."

တိုးတိုး တိုးတိုးနဲ့ပြောနေသူလေးကြောင့် ကိုယ်ကိုပြန်ဆွဲကာ ရင်ခွင်ထဲထည့်ရသည်။ပြီးမှ အမလည်ပင်းနားလေးကိုမျက်နှာလေးအပ်ကာ ခိုးကာနမ်းရှိုက်လိုက်တော့ တွန့်သွားသည်မို့လူမိသွားသည်ထင်။

"အမဆီကမွှေးလိုက်တာ..."

"ဟုတ်လား သိတောင်မသိဘူး.."

"အင်း"

"ထားလိုက် အမပြောမယ်ကလေးမ သေချာနားထောင်နော်.."

ကလေးမ မျက်လုံးကိုသေချာကြည့်လိုက်သည်။

"..'ခ'လို့ခေါ်တာကလေ...အဲ့တာက မသိဘူးဟာ မသိဘူးထားလိုက်တော့.."

"ငေး~~"Where stories live. Discover now