"ငေး~~"အပိုင်း(၄)

278 24 0
                                    

Unicode

ပျော်ရွှင်စရာသီတင်းကျွတ်လေးပါကွယ်....မုန့်ဖိုးရသေးဘူးလို့~~🥺မုန့်ဖိုးလေးပေးကြပါအုံးကွယ် (┳◇┳)

"ချို"

ခေါ်သံကြောင့် ချိုသည်စိတ်ညစ်ရလေပြီ။ဒီ မူဟန်ခြည်ဆိုသည့် လူနာသည်ချို့ကိုအတော်ဒုက္ခပေးလွန်းလှသည်။အချိန်ပြည့်ချို့နားမှာပဲကပ်နေသည်။

ဒီနေ့ကောဆို ဒီလူနာဒီဆေးရုံမှာသောင်တင်နေတာ နှစ်ပတ်ပြည့်ပြီ။ဆေးရုံဆင်းလို့ရပြီပြောလိုက်တိုင်း ခေါင်းကိုက်တယ် ဘာကိုက်တယ်နဲ့ ဆင်ခြေဆင်လက်မျိုးစုံကိုပေးလို့။ပိုဆိုးသည်က မူဟန်ခြည်သည် ချို့ကိုရိသဲ့သဲ့စကားများအလွန်ပြောသည်။

ဟင့် သံဇင်မရှိပါဘူးဆိုမှ။စိတ်ညစ်စရာတွေကြီးပဲ။သံဇင်ကအလုပ်ကိစ္စနဲ့ခရီးထွက်နေတာဖြစ်လို့ ချိုတစ်ယောက်ထဲဖြစ်နေသည်။ခုထိကိုပြန်မလာသေးဘူး ပြန်လာကာမှ စိတ်ကောက်ပြစ်အုံးမယ်နေအုံး။

ပြီးတော့ အခုနောက်ပိုင်းခွဲရတာပထမဆုံးအကြိမ်။ကျောင်းတက်တုန်းကတော့ နွေရာသီပိတ်ရက်တို့ သံဇင်ကျောင်းမလာတဲ့နေ့တွေဆိုရင်တော့ခွဲဘူးတယ်။အခုလိုကြတော့ တစ်ခါမှမခွဲဘူးတော့ ဟာတာတာကြီး။

သံဇင်လာတွေ့တုန်းက ချိုမှမရှိတာ အဲ့တော့ ကောင်တာကညီမလေး "ယဉ်ယဲ့သာ" ပြောတာပဲနားထောင်ပြီးကျေနပ်လိုက်ရသည်။မအားတာတော့ချိုပဲ စိတ်ကောက်မှာလဲချိုပဲ။မသိဘူး မသိဘူးလာမပြောနဲ့ကောက်မှာပဲဟာ။

"ချို့လို့~~"

"ဘာတုန်း ဘာတုန်းပြော ဘာဖြစ်ပြန်ပြီတုန်း"

"ဟင့် အချစ်ငတ်နေလို့"

"မူဟန်ခြည်!"

"မူ ပါဆို ချိုကလည်း"

"ကျစ် ဒီမှာအလုပ်လုပ်နေတာမမြင်ဘူးလားဘယ်လိုဖြစ်နေတာလဲ"

"မူကလေ ချို့ဆီက ချစ်ခြင်းမေတ္တာတွေလိုချင်လို့ပါ"

မျက်နှာငယ်နဲ့ပြောနေသော မူဟန်ခြည်သည် နာမည်နဲ့လိုက်အောင်မူပိုလှသည်။တစ်ကတည်း ချိုကပဲလူဆိုးကြီးဖြစ်လို့။

"ဒီလိုရိသဲ့သဲ့စကားတွေပြောမယ်ဆိုရင် ငါဆက်မကုပေးတော့ဘူးနော်မူ"

"ငေး~~"Where stories live. Discover now