"ငေး~~"အပိုင်း(၁၁)

267 20 1
                                    

Unicode

ဒေါ်ခမိုးသူကအလေးအနက်ပုံစံဖြစ်သွားလျက်ဖုန်းကိုတစ်ချက်ကြည့်လိုက်သည်။ပြီးတာနဲ့တစ်ချက်ပြုံးသည်။

"ထားလိုက်တော့ အခုက နင် ဘလိုင်းဒိတ်ကိုသွား ဒါပဲ.."

ဖုန်းကိုချကာ အတွင်းရေးမှုူးကိုခေါ်လိုက်သည်။

"Mu company ရဲ့ CEO အကြောင်းကိုငါသိချင်တယ် အထူးသဖြင့်သူ့အချစ်ရေး.."

"ဟုတ်ကဲ့ပါ သဌေး အခုဒါကနောက်လာမဲ့ ပရောဂျက်နဲ့ပတ်သတ်တဲ့ဖိုင်ပါ.."

"ထားခဲ့လိုက်"

တစ်ဖက်က ခ ကတော့  သူဒီတွေ့ဆုံမှုကိုသွားမည်မဟုတ်ပေ။ဂရုလည်းမစိုက်ပေ ပြီးတော့အမေကလည်း ခ ကိုလာထိနိုင်မယ်လို့လည်းမယုံ။ဘာကြောင့်ဆို တစ်ချို့အကြောင်းအရင်းတွေရှိသေးသည်။ချို့ကိုတိုက်ရိုက်မထိပါးလာသေးသ၍အဆင်ပြေသည်။အရင်တုန်းက ခ တစ်ယောက်ထဲတောင်မထိပါးနိုင်ဘဲနဲ့ အခုနှစ်ယောက်ဆိုရင်တော့ လာမပြောနဲ့ပေါ့။

"စာရင်းတွေယူခဲ့..ပြီးတော့ခုနောက်ပိုင်းပရော့ဂျက်တွေမလုပ်နဲ့တော့ လုပ်လက်စအလုပ်တွေပဲလုပ်"

"ရှင်.."

"ပြောတာမကြားဘူးလား.."

"ဟုတ် ဟုတ်ကြားပါတယ်"

"အော်ဒါတွေကိုခုကစပြီးထပ်လက်မခံနဲ့တော့...."

"ဟုတ်ကဲ့သဌေး"

စိတ်ရှုပ်ထွေးမှုများစွာနဲ့ အတွင်းရေးမှုူးလှည့်ထွက်လာခဲ့သည်။မယုံနိုင်သလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ နောက်မှာထိုင်နေတဲ့သဌေးကိုလည်းလှည့်လှည့်ကြည့်ရသေးသည်။

ဘုရားဘုရား ငါတို့company ဒေဝါလီခံလိုက်ရတာတော့မဟုတ်ဘူးမလား။ဖွဟဲ့ လွဲပါစေဖယ်ပါစေ။မတော်တာ စာရင်းအပျောက်အစတွေလဲမရှိပါဘူး။ပိုက်ဆံလိမ်တဲ့သူလဲမရှိပဲနဲ့။ဒါမှမဟုတ်ဇာတ်ကားတွေထဲကလို ရှယ်ယာရှင်တွေဘာတွေပေါင်းကြံပြီး သဌေးကိုဖြုတ်လိုက်တာလားမသိဘူး။

ခေါင်းကုတ်ကာသာ အတွင်းအရေးမှုူးမလေးခင်ဗျာထွက်သွားရသည်။

*ငါနင့်ကိုထားသွားရမဲ့အချိန်ကသိပ်မလိုလောက်တော့ဘူး ချို*

"ငေး~~"Where stories live. Discover now