"ငေး~~"အပိုင်း(၁၂)

297 20 0
                                    

Unicode

"တာ့တာ မူ"

"တာ့တာ အချစ် အိမ်မက်လှလှမက်ပါစေ အိမ်ပြန်ရောက်ရင်ဖုန်းမဆက်တော့ဘူးနော်"

"အင်းပါ ကားကိုဂရုစိုက်မောင်းနော်"

"ဟုတ်ကဲ့ပါရှင့်.."

ချို့ကိုလိုက်ပို့ပေးပြီး ကားကိုပြန်လှည့်လာခဲ့သည်။ကားမောင်းရင်း ဖုံးကွယ်ခဲ့သည့် မနာလိုစိတ်တွေကပေါ်ထွက်လာတော့သည်။ဟုတ်သည် မူ အမသံဇင်ခကိုမနာလိုသည်။ချို့ရင်ထဲမှာ မူကပထမနေရာမှာမရှိပေ ဒုတိယနေရာကိုရောက်နေရသည် အဲ့တာကလည်း အမသံဇင်ခကြောင့်ဖြစ်နေသည်။ခက်သည် ခက်သည် သိပ်ကိုခက်နေပြီ။မနေနိုင်တော့လို့ ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။

"ဒုန်းး"

ကားစီယာတိုင်ကို အားနဲ့ထုပစ်လိုက်သည်။

"အားးး ဘာလို့လဲ ဘာလို့လဲ! ဒုန်း ဒုန်း!"

နှစ်ချက်လောက်ဆက်ထုလိုက်မှသာ နေသာထိုင်သာရှိသွားသည်။အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။ကားထဲကနေထွက်ကိုကားတံခါးကိုပိတ်လိုက်သည်။

"F**k! F**k!ပဲ သောက်ရေးမပါတာတွေပဲလာဖြစ်နေတယ်"

စိတ်ရှိတိုင်းဆဲပြီး ကားကိုယ်ထည်ကိုတစ်ချက်ကန်လိုက်သေးသည်။တွေးကြည့်တိုင်း တစ်ကယ်စိတ်တိုရသည်။ကားကိုယ်ကိုလက်ထောက်လိုက်ရင်း မျက်လုံးများကစူးရှလာသည်။

"သံဇင်ခ ချို့ရဲ့ငယ်သူငယ်ချင်း....ချို့ကိုနားအလည်ဆုံးသူ..အလိုလိုက်ဆုံးသူတဲ့လား..အဟက် ဟာ.သပဲ.."

ချို့ပြောခဲ့သည့်စကားများကနားထဲကြားယောင်လာရပြန်သည်။မူနဲ့ဆုံတိုင်းပြောသည့်အကြောင်းများကိုပေါ့။

"သံဇင်ကလေ ချို့ကိုဆိုအရမ်းအလိုလိုက်တာသိလား"

"သံဇင်ကလေ ဒီဆိုင်ကမုန့်ကိုအရမ်းကြိုက်တာ သူ့ဖို့ဝယ်သွားရအုံးမယ်"

"သံဇင်ကလေ ကျန်းမာရေးသိပ်မကောင်းဘူး ဖျားလွယ်တယ် သူ့ကိုဆိုချိုအရမ်းဂရုစိုက်ရတာ..."

နားနားကိုကပ်ပြောနေသည့်အတိုင်းရှင်းလင်းစွာကြားယောင်နေရသည်။

"ငေး~~"Where stories live. Discover now