"ငေး~~"အပိုင်း(၁၅)

403 21 8
                                    

Unicode

အနေဝေးလို့ သွေးအေးသွားတာဆိုတဲ့ လူတွေပြောနေကြတဲ့အရာများလား။ဒါဆိုရင် ခ ကကော ခ ကြတော့ ဘာလို့သွေးအေးမသွားပါလိမ့်။ဒီကလူကြတော့လဲ ပိုပြီးတော့တောင်ချစ်လာရသေးသည်လေ။ကံကြမ္မာရဲ့လှည့်စားမှုက ခံရခက်လှသည်။

"သံဇင်..."

နာမည်အားခေါ်ကာ လာထူမည်ကြံတော့ ထိုမိန်းကလေးကဆွဲထားသည်။နာကြည်းစွာပဲတစ်ချက်ကြည့်လိုက်သည်။

"အခုချိန်မှာ အင်္လကာတေးချိုက ငါ့အပိုင်ဖြစ်နေပြီ နောက်ဆိုဝေးဝေးကရှောင်..သံဇင်ခ!!"

"သွားမယ် မောင့်အချစ်"

ယက်ကန်ယက်ကန်နဲ့ပါသွားသည့်ချို့ကိုသာ ကြည့်နေနိုင်တော့သည်။ငယ်ငယ်ကလိုချင်တာမရ၍စိတ်ဓာတ်ကျနေသည့်ကလေးတစ်ယောက်လိုမျိုးစိတ်ဓာတ်ကျကာ ပြန်ထွက်လာခဲ့သည်။အရာအားလုံးဟာ ခ အတွက်အဓိပ္ပါယ်မဲ့ခဲ့သည်။

ရုတ်တရက် ခ အတွေးတွေအလင်းတစ်ချက်ဖြတ်သွားသည်။သူတောင် ခ ရင်ခွင်ထဲကနေဆွဲထုတ်သွားသေးတာပဲ။ဒါဆို ခ ကရော..ခ ကရော သူ့ရင်ခွင်ထဲကနေ.....။အင်း ဆွဲထုတ်ကိုထုတ်နိုင်ရမယ်။ယုံကြည်ချက်တစ်ခုနဲ့ရှေ့ဆက်တိုးခဲ့သည်။အိမ်ဆိုသည့်အိမ်အား ခ ပြန်ခဲ့ပါ၏။အမေဆိုသည့် လူသားအားလည်းမတွေ့မြင်ရ။မျှော်လဲမမျှော်လင့်မိပါဘူးလေ။

ငွေသုံးကာ ချိုတို့အကြောင်းရအောင်စုံစမ်းတော့ ချို့ရဲ့ကော်ဖီဆိုင် အချိန်ပိုင်းအလုပ်မှာ တွေ့တာတဲ့လေ။အဟက် ရိုမန့်တစ်ဆန်တဲ့အချစ်ဇာတ်လမ်းလေးပေါ့။

"နင့်အပိုင်ဆိုရင် ငါကပြန်လုရမှာပေါ့ "မူဟန်ခြည်" ရယ် အခုနင့်အပိုင်ရဲ့ မူရင်းပိုင်ရှင်က ငါမလို့လေ"

"ငါက သေချာပေါက်ကိုပြန်လုမှာ...!"

မနက်ဖြန်မနက်မှာတော့ ခ ဟာတက်ကြွစွာဖြင့် ခ ရဲ့ ဆေးကျောင်းကိုသွားခဲ့သည်။ခ ရဲ့ စာသင်ဆောင်လေးရှေ့မှာ ရင်ခုန်စွာနဲ့စောင့်ဆိုင်းရင်းပေါ့။မကြာပါ စောင့်နေသူ ချိုဟာလေ မူဟန်ခြည် ရဲ့လက်ကိုတွဲကာဝင်လာတော့ ခ ရင်တွေကွဲခဲ့ရသည်။

ချို~~မင်းက မယ်သီတာထက်ဆိုးတယ်..။

မင်းထက်ပိုဆိုးတာက ငါ...ကိုယ့်ကိုယ်ကို ရာမ ပဲသတ်မှတ်ရမလိုလို၊ဒဿပဲ သတ်မှတ်ရမလိုလို ဖြစ်နေတဲ့ငါက ပိုအခြေအနေဆိုးပါတယ်လေ..။

"ငေး~~"Where stories live. Discover now