"ငေး~~"အပိုင်း(၈)

266 25 2
                                    

Unicode

ခ ဒီနေ့ခါတိုင်းထက်စောစောနိုးလာရသည်။ယခင်များနဲ့မတူစိတ်တွေလှုပ်ရှားနေရသည်။ဒီနေ့သည် ခ၏ချစ်ရသူချို၏ဘွဲ့လွန်ရယူရမည့်နေ့။ယူရမည့်သူသည် ခ မဟုတ်သော်ငြားပီတိတွေဖြစ်နေရသည်။

ဘေးကိုကြည့်လိုက်သော် ကလေးမကိုမတွေ့ရ။ကောက်ကာငင်ကာလက်ကနာရီကိုငုံ့ကြည့်တော့ ခြောက်နာရီ။ဝေ့ဝိုက်ကြည့်သော်လည်းမတွေ့။သို့သော်အသံကြားလိုက်ရသည် မီးဖိုချောင်ဘက်ကအသံပင်ဖြစ်သည်။မနက်စာချက်နေတာလို့ ကောက်ချက်ချမိလိုက်သည်။ဒီကလေးမအိမ်ထောင်မှုနိုင်နင်းသား။စောင်များကိုခေါက်လိုက်ပြီး ထိုကလေးမဆီရှိရာမီးဖိုချောင်ဘက်ကိုသွားလိုက်သည်။

"ကလေးမ"

မျက်စောင်းသည်ကားဒိုင်းခနဲ။မသိသလိုနဲ့သာစကားဆက်ရသည်။

"ဘာတွေချက်နေတာလဲ အမကူပေးရအုံးမလား"

"နေနေစားလို့ရပြီ မျက်နှာအရင်သွားသစ်လိုက် တစ်ခါသုံးသွားတိုက်တံထားပေးထားတယ်"

"အော် အင်း အင်း"

ပြောရင်း ခြေတွေလက်တွေနဲ့ပါတွန်းထုတ်နေတာမလို့ ခ အယောင်ယောင်အမှားမှားသာ။မျက်နှာသစ်ပြန်လာတော့ စားပွဲပေါ်မှာစားစရာတွေရောက်နေပြီဖြစ်သည်။ခုံမှာဝင်ထိုင်လိုက်ရင်း ဟင်းပွဲတွေကိုကြည့်လိုက်မိသည်။စုံစုံလင်လင်နဲ့ပင် အသားဟင်းကတစ်ခွက်၊အရွက်ကြော်၊အရည်သောက်၊ငပိချက်၊တို့စရာ အို စုံနေရောပဲ။မသိရင် ဘုန်းကြီးဝိုင်းကိုကြရောပဲ။ပြုံးလျက်သားနဲ့ ရှေ့ကကလေးမကိုကြည့်သည်။

"အမအတွက်ချက်ထားတာလား"

"မဟုတ်ဘူးသွန်ပြစ်ဖို့"

"အဟား ဟား ကလေးမကစွာလိုက်တာကွာ"

"သိသိကြီးနဲ့မေးတာကို ဒီမှာလူဘယ်နှစ်ယောက်ရှိလို့တုန်း"

"ဟုတ်ပါပြီ ကလေးမရာ"

"ရော့ စား"

ထမင်းပန်းကန်ထဲသို့ရောက်လာသော ငါးဖယ်တစ်တုံး။တစ်ချက်ဖဲ့ကာစားရင်း မျက်ရည်ကြည်များဝေ့လာရသည်။

"အဟမ်း အဟမ်း ရေ ရေခဏသွားသောက်လိုက်အုံးမယ်"

"ရေက...ဒီ ဒီမှာရှိတယ်လေ"

"ငေး~~"Where stories live. Discover now