"ငေး~~"အပိုင်း(၂၁)

418 20 9
                                    

Unicode
"ငါမေးနေတယ်လေ ဘယ်ပြန်မှာလဲလို့.."

".........."

"ပြင်သစ်ကိုလား~~"

အသံရော့ရော့လေးနဲ့မေးမိသည့်ခါ ကလေးမကအံသြသွားသည်ထင်။ဟုတ်တယ်ကလေးမ အမ မင်းအကြောင်းကိုသိတယ်။

"အမ.."

"ဟုတ်တယ် ငါအကုန်သိတယ်..ဘယ်နေ့အမှန်တိုင်းပြောမလဲလို့စောင့်နေတာ..."

"ဟားး အမရာ.."

ရင်ခွင်ထဲကိုဆွဲပွေ့မိလိုက်ပါသောအမရဲ့ကိုယ်လုံးလေး။မဟုတ်ရပါဘူးအမရာတမင်ညာထားတာ။

"ဖယ် လူလိမ်မကြီး...ငါ့ကိုမထိနဲ့.."

"အင်း လူလိမ်မကြီး..နောက်လည်းလိမ်ဦးမှာမလို့မသိချင်ယောင်ဆောင်ပေးနော်..."

တသိမ့်သိမ့်ဖြစ်လာပါသောကိုယ်လုံးလေးဟာ အမငိုနေပြီဖြစ်ကြောင်းသက်သေ။ဒီတစ်ခါတော့ စိမ့်စမ်းပင်မျက်ရည်ကျမိသည်မို့မတားချင်။

"ပြန်~လာနော်.."

ရှိုက်သံလေးရောကာပြောလာတော့ ဒီလူလိမ်ကြီးကဘယ်ငြင်းရက်ပါတော့မလဲ။

"အမြန်ဆုံးအလုပ်ပြီးအောင်ပြန်လာခဲ့မယ်နော်.."

"ဟင့်အင်း မခွာနဲ့ကလေးမရင်ခွင်ထဲခဏနေချင်လို့.."

စိမ့်စမ်း လည်းပြောမနေတော့ဘဲ ခါးမှာခြေထောက်ချိတ်ခိုင်းကာကောက်ချီလိုက်သည်။လက်တစ်ဖက်က အမကိုယ်လုံးလေးကိုထိန်းပြီး ကျန်တစ်ဖက်ဆံပင်လေးကိုသပ်ပေးနေမိတယ်။

တစ်ကယ်တော့ ခ သိတာကြာပြီသိလား။"DS"လား ဒီလောကမှာ"DS"ကိုမသိတဲ့သူရှိသလား။ဒါပေမဲ့ ပိုင်ဆိုင်တဲ့သူကိုတော့မသိဘူး။မျက်နှာကိုလုံးဝထုတ်ပြခြင်းမရှိ။မရှိပေမဲ့အကုန်လုံးမသိတာတော့မဟုတ် လုံးဝထိတ်ထိတ်ကျဲတွေတော့သိတာပေါ့။ခ သိလာတာလည်း အဘိုးတို့ဆီသွားတုန်းကတစ်ခေါက်အဘိုးကပါတီတစ်ခုသွားတုန်းပြလို့ဖြစ်သည်။အဲ့နေ့က...

"ဇင်ခ..သမီး ဟိုလူအုပ်ကိုတွေ့လား.."

"ဟုတ်တွေ့တယ်အဘိုး.."

"အဲ့တာ 'DS' ရဲ့ceoနားကိုကပ်နေတာ..."

"အော်.."

ခ အဝေးကနေလှမ်းကြည့်နေမိသည်။အားကျဖို့ကောင်းတယ်မလားဒီလိုဝန်းရံခံဖို့ဆိုတာလွယ်မှမလွယ်တာ။ဒီလိုဖြစ်လာဖို့ကိုပေးဆပ်ခဲ့ရတာကနည်းတာမှမဟုတ်တာ။

"ငေး~~"Where stories live. Discover now