"ငေး~~"အပိုင်း(၁၆)

267 22 6
                                    

Unicode

ခ ကမ္ဘာကြီးကနက်မှောင်နေတယ်။အလင်းရောင်ကိုမြင်ရဖို့အရေး ခ မျက်ဝန်းများဖွင့်ချင်သော်လည်းဖွင့်၍မရ။နားထဲမှာ တီ! တီ! တီ!ဆိုတဲ့အသံတွေကြားနေရတယ်။ပြီးတော့ စကားသီးတိုးသံရောပဲ။ခဏ ဒီအသံဒီအသံက ကြီးသိန်းအသံမလား။မဟုတ်မှ ငါ့ကိုကြီးသိန်းဆေးရုံလိုက်ပို့တာလား။

မျက်လုံးများကိုအားယူကာဖွင့်ကြည့်တော့ ခပ်လှမ်းလှမ်းမှာ nurseလေးတစ်ယောက်နဲ့စကားပြောနေတဲ့ကြီးသိန်း။ပြောချင်တာကအဲ့တာမဟုတ်ဘူး...ကြီးသိန်းအသက်ကငယ်နေတယ်!။ခ အရင်တစ်ပတ်ကတွေ့တော့တောင် ဆံပင်ဖြူနဲ့ပါးရေအနဲငယ်တွန့်နေတဲ့ကြီးသိန်းကို ခ သေချာပေါက်ကိုမှတ်မိနေတာ။ပြီးတော့ ခ ခေါင်း..ခ ခေါင်းမှာလဲပတ်တီးမရှိဘူး။ခန္ဓာကိုယ်ကလဲ နာကျင်တာမရှိဘဲ အားနည်းရုံဘဲနည်းနေတာ။ခဏ! ဒီမြင်ကွင်းဒီမြင်ကွင်းကိုငါမြင်ဖူးပါတယ်။

မဟုတ်မှ...ဆေးရုံအခန်းကို ဝေ့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ အခန်းပုံစံ။မျက်ဝန်းမှ မျက်ရည်များစီးကျလာရသည်။ငါ..ငါ..ပြန်မွေးဖွားလာတာလား!။မဖြစ်နိုင်တာ။

"ကြီး..သိန်း~"

ခေါ်လိုက်ပေမဲ့ လည်ချောင်းကခြောက်ပြီးအားနည်းနေတာကြောင့် သိပ်မကျယ်ပေမဲ့ ကြီးသိန်းကချက်ချင်းကြားသည်။အမြန် ခ အနားလာကာ ဘာလိုလဲမေးသည်။

"ရေ~"

ခ ရေသောက်ပြီး ဖြစ်ကြောင်းကုန်စင်မေးမလို့အကြံ လူနာစောင့်ကိုခေါ်လို့ ကြီးသိန်းက ခ ဆီကခွင့်တောင်းပြီးသွားရသည်။ဒီတော့ ခ အတွေးများရလေပြီ။အားယူကာ ထပြီးtoliteကိုသွားကာ မှန်ကြည့်တော့ မြင်လိုက်ရသည့် ငယ်ရုပ်ကြောင့် ခ လဲကျတော့မတတ်။

ပြီးတော့..ပြီးတော့ ခ တွေဝေရသည်။ဒီအချိန် ခ မွေးနေ့မှာ အမေ့အလာစောင့်ပြီးတော့ မေ့လဲကျတုန်းကဆေးရုံရောက်တဲ့အချိန်မှာ ခ သတိမေ့နေတာမလို့..ကယောင်ကချောက်ခြားနဲ့အိမ်မက်မက်တာလဲဖြစ်နိုင်တာပဲ!။ဒါပေမဲ့ အိပ်မက်ကကြာရှည်လွန်းပြီး အသေးစိတ်လွန်းတယ်။ဥပမာ-တစ်ကယ်ရင်နဲ့မချိနိုင်အောင်ခံစားရတာမျိုးပေါ့။

"ငေး~~"Where stories live. Discover now