"ငေး~~"အပိုင်း(၁၄)

329 24 9
                                    

Unicode

ဒီ ဖန်တရာလည်နေတဲ့ဘဝမှ ဘယ်အချိန်လွတ်မြောက်မယ်မှန်းမသိတဲ့ ခ။

ခ လွတ်မြောက်ချင်ပြီ။

ဒီဖန်တရာလည်ခဲ့တဲ့သုံးဘဝကို ပြန်တွေးကြည့်မိတော့။အမှောင်ထဲကနေမှ တံခါးပေါက်ရှိရာကိုကြည့်လိုက်မိသည်။

အဲ့ဒီနေ့ ချိုနဲ့စတွေ့ခဲ့တဲ့နေ့က စပြီး ခ ဘဝကြီးကဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်တော့တာပဲ။

ခ ဘာသာ ခ ကျောင်းခန်းထဲမှာစာဖတ်နေခဲ့တဲ့အချိန် ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်အသံကြောင့် ခ ပြုံးမိသွားခဲ့တယ်။မိတ်ဆက်တဲ့အသံက ကလေးဆန်သည်မို့သာ။ဟော ရုပ်လေးကိုကြည့်လိုက်မိပြန်တော့လည်းစွဲလမ်းမိသွားပြန်တယ်။

သို့ပေသည့် ခ ထိုကျောင်းသူသစ်လေးကိုချစ်မိသွား၍ စွဲလမ်းမိသွား၍အခုချိန်ထိနောင်တမရဘူး။အဲ့တာတစ်ကယ်အတည်။အဟက် ခ တော့နွားမကြီးလုံးလုံးကိုဖြစ်လို့။

တစ်ကျောင်းလုံးက လူတွေက ခ ကိုဆိုဝေးဝေးကရှောင်ကြသည်။အကြောင်းက ကြီးကျယ်လို့တဲ့။ဟုတ်သည် ခ သည်အလွန်ကြီးကျယ်သည့်မိန်းကလေး။ခ ရှေ့မှာအင်္ကျီခေါက်တွန့်ရာပါသည့်အင်္ကျီဝတ်ထားရင်ကို ညစ်ပတ်သည်ဟုဆိုကာ မောက်မာစွာနဲ့ အားမနာစတမ်းအပြစ်ပြောတတ်သည်။မသိသူများက အကဲစမ်းသလိုနဲ့စကားလာပြောခဲ့ရင် "ငါနဲ့စကားပြောဖို့တူလားတန်လား" ဆိုပြီး ဘဝင်မြင့်ပြီးမောင်းထုတ်တတ်သူသာ။

သို့ပေသည့်  အလင်္ကာတေးချို အမည်ရှိ ကျောင်းသူသစ်ကလေးနှင့်တွေ့တော့ဇောက်ထိုးမိုးမျှော်ဖြစ်ကုန်တော့လေရဲ့။

သူမလေးစကားလာပြောတုန်းကဆိုရင်ဖြင့် မောင်းထုတ်ဖို့နေနေသာသာ အလှတရားမှာနစ်မျောခဲ့သည်မဟုတ်လား။အော် ခက်ပါဘိ "သံဇင်ခ" ရယ်။

ခ ချို့ကို တက္ကသိုလ်ရောက်တော့ဖွင့်ပြောခဲ့သည်။ချို ကလည်း ခ ကိုပြန်ချစ်ခဲ့သည်။

"ချို...."

"အင်း ဘာလို့တုန်း"

"ဟို..အဲ့တာကလေ...အဲ့တာကဟာ.."

"အေး ဟဲ့ အော် အဲ့တာကဘာဖြစ်လို့တုန်းပြောလေ..."

"အဲ့တာကဟာ...ထားလိုက်တော့ဟာ နောက်မှပြောတော့မယ်.."

"ငေး~~"Where stories live. Discover now