Unicode
ခ တစ်ရေးနိုးလာတော့ကုမ္ပဏီကခေါ်ထားသည်မို့ပြန်ခေါ်လိုက်သည်။ဘာရယ်မဟုတ် ဒီတိုင်းအလုပ်ကိစ္စ။ခ လည်းပြန်ဆက်ကာနောက်တစ်ပတ်နှစ်ပတ်နေရင်ပြန်လာတော့မဲ့အကြောင်းကိုပြောလိုက်သည်။တစ်ကယ်တော့ဒီအကြောင်းကိုတစ်စုံတစ်ယောက်ကိုပထမဆုံးပြောပြချင်တာ။
ခ လည်းမနားရပါ။ဒီနေ့ညနေ ခ ပါတီပွဲတက်စရာရှိသည်။ဒါကြောင့်ဖြီးလိမ်းပြင်ဆင်ကာသွားရပေအုံးမည်။ပွဲရှင်မဟုတ်တာမို့ဒီတိုင်းပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီအဖြူရယ်ဘောင်းဘီအနက်အရှည်ရယ်ကိုဝတ်ကာ လက်မှာနာရီတစ်လုံးပတ်လိုက်သည်။ဆံပင်ကိုချထားကာပါတီပွဲကိုတက်လိုက်တော့သည်။
ပွဲရောက်တော့ပွဲရှင်နှင့်စကားပြောပြီး ကျန်တဲ့သူတွေကိုဧည့်ခံအုံးမည်ဆိုကာထွက်သွားသည်။ခ လည်းဝိုင်ကိုအရသာခံသောက်ရင်းနေနေလိုက်သည်။နေရင်းထိုင်ရင်း ခ ကိုလူတစ်ယောက်လာမိတ်ဆက်သည်။
"Hi"
"Hello"
"ကျွန်တော်က မင်းကဝေပါ မင်းက"
သူ့ရဲ့ခပ်တန်းတန်းမျက်ခုံးတစ်ဖက်ကိုပင့်ရင်းမေးလာသည်။
"သံဇင်ခပါ"
"Oh မနက်ကပွဲရှင်လေးပဲ"
ခ ခေါင်းတစ်ချက်ငြိမ့်ရင်းသာအသိအမှတ်ပြုလိုက်သည်။ထိုလူကတစ်ချက်ရီသည်။ခ ပြောတာရီစရာပါသွားလို့လား။
"အဟင်း ဒါနဲ့မင်းမှာပါတနာပါလား...ကိုယ်တွေ့ရသလောက်တော့မတွေ့ပါဘူး"
"အင်း မပါဘူး"
"ဒါဆိုကိုယ်နဲ့တွဲကမလား"
"ကျွန်မတွဲလည်းမကချင်ဘူး ကလည်းမကတတ်ဘူး"
"Ok ok"
မင်းကဝေဘဝမှာ ကိုယ်ကစရောရင်ချက်ခြင်းအရောတဝင်လက်ခံကြတာကြီးပဲ။အခု ကဝေရှေ့ရောက်နေတဲ့ကောင်မလေးကြတော့မတူဘူး။ကဝေသိတာပေါ့ ဒီဇိုင်နာ သံဇင်ခ။Synecdocheရဲ့ CEO။ဈေးကွက်တွေကစားတယ်။
မန္တလေးမြို့ရဲ့အချမ်းသာဆုံးTop3ထဲကတစ်ယောက်။မန္တလေးမြို့ရဲ့လို့သာပြောရတာ စီးပွားရေးလောကမှာထွက်နေတဲ့သတင်းအရ သံဇင်ခရဲ့ပိုင်ဆိုင်မှုကအဲ့လောက်တင်မဟုတ်ဘူးဆိုတာပင်။သံဇင်ခအမည်ရှိ ဒီကောင်မလေးမှာ လျှို့ဝှက်ချက်တွေရှိပုံပေါ်သည်။တစ်ယောက်ထဲထိုင်နေတာတွေ့လို့ကိုယ်လည်းအပျင်းပြေဆိုပြီးလာရောတာ။ကိုယ်တစ်ခွန်းဆိုသူတစ်ခွန်းထက်ပိုမလာ။
YOU ARE READING
"ငေး~~"