"ငေး~~"အပိုင်း(၁၉)

229 22 8
                                    

Unicode

"အမ..အမ.."

"ဟင်..ဟင်.."

ကလေးမ၏လှုပ်နှိုးမှုကြောင့် ခ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်လာရသည်။

"ထ ထ ဒီနေ့လျှောက်လည်ရအောင်..."

"အင်း..ဟင်!"

ကလေးမစကားကြောင့် လုံးလုံးနိုးသွားရသည်။လျှောက်လည်မယ်?။

"ထပါဆိုအမရာ အမကြောင့်ဒီနေ့ အလုပ်တွေတောင်ဖျက်ထားရတာ...လုပ်လုပ်မျက်နှာသွားသစ်..."

အတင်းတွန်းကာ မျက်နှာသစ်ခိုင်းသူကြောင့် ခ လည်းမျက်နှာသစ်လိုက်ရသည်။အပြင်ထွက်လာတော့ လက်ထဲကိုအင်္ကျီထိုးပေးကာအတင်းလဲခိုင်းပြန်သည်။လဲပြီးပြန်ထွက်လာတော့ ခ နဲ့ ကလေးမအင်္ကျီကဆင်တူဖြစ်နေသည်ကြောင့်အံ့သြမိသည်။

"ဟီးး ဟီးး ဒီနေ့ "စိမ့်စမ်း" နဲ့တူတူဒိတ်မယ်.."

ကလေးမအပြောကြောင့် ခ မှာရင်တစ်ချက်ရင်ခုန်မိသေးသည်။ပြီးမှပြုံးမိသည်။ချိုမဟုတ်သူနဲ့ ပထမဆုံးအပြင်ကိုလျှောက်ဒိတ်ဖူးမှာပင်။ခ တွေးမိသည် ကလေးမနဲ့ဘာလို့စောစောမတွေ့မိသလဲဆိုတာကို။

"အင်း..သွားမယ်လေ"

"နေအုံးလေ မနက်စာ အရင်စားရအုံးမယ်.."

နွားနို့နဲ့ပေါင်မုန့်ကြက်ဥကြော်ရယ်ပြီးတော့အချိုတည်းဖို့အသီးလေးတွေရယ်စားခဲ့ရသည်။စားပြီးတော့ ကလေးမက ဘူးလှလှလေးတွေစီထည့်ထားတဲ့ခြင်းတောင်းလှလှလေးကိုဆွဲလာသည်။ခ ကြည့်နေတာကိုမြင်တော့။

"လမ်းမှာစားဖို့တွေလုပ်ထားတာ ဟီးး"

"အမကြိုက်မယ်ထင်တဲ့ဟာလေးတွေလည်းလုပ်ထားတယ် နေ့လယ်ကြမှပြမယ်.."

"အင်း ကောင်းသားပဲ သွားမယ်လေ"

ကလေးမက ခ ဘဝကိုတစ်ဖန်ပြန်ရှင်သန်လာစေသလိုပင်။

ကလေးမကိုခေါ်ကာထွက်ခဲ့သည်။ခြင်းတောင်းလေးဆွဲကာသွားနေသည့် မိန်းကလေးနှင့်ဘေးနားကကပ်ပါလာသည့်မိန်းကလေးတစ်ဦးအင်္ကျီဆင်တူကိုလည်းဝတ်ထားသေးပြန်သည်။

အရပ်ရှည်လှပါခြည်ရဲ့ဆိုတဲ့ ခ တောင် ကလေးမထက်အရပ်နည်းနည်းနိမ့်သည်။ခ နဲ့ကလေးမအရပ်ကမတိတ်းမယိမ်းလေးပင်။

"ငေး~~"Where stories live. Discover now