"ငေး~~"အပိုင်း(၁၀)

274 18 1
                                    


Unicode

အမေ့ဆီသွားရမည်မလို့ ခ စောစောထကာရေမိုးချိုးလိုက်သည်။ပြီးတာနဲ့ ခါတိုင်းလိုမဟုတ်ဘဲဂါဝန်တစ်ထည်ဝတ်လိုက်သည်။ဆံပင်များကိုတစ်ဝက်စည်းထားကာချထားလိုက်သည်။ပြီးတာနဲ့ ကားသော့ယူကာထွက်လာခဲ့သည်။

ခ ရဲ့ကားလေးဟာ "ခ အိမ်တော်"ဆိုသည့်ဆိုင်းဘုတ်လှလှချိတ်ထားသောခြံဝန်းကြီးထဲကိုဝင်သွားသည်။ခ ကားပေါ်ကဆင်းကာ အိမ်ထဲဝင်သွားလိုက်သည်။

"မမလေး.."

"ကြီးသိန်းအမေရှိလား ရှိရင်ခေါ်ပေးပါအုံး အော်ပြီးတော့အဝတ်အစားတွေထုတ်ထားလိုက်ပါ သမီးနဲ့တူတူလိုက်နေအောင်လို့..."

"ဟုတ်ကဲ့မမလေး.."

ပြုံးရွှင်ကာ ကြီးသိန်းကထွက်သွားသည်။ဆိုဖာပေါ်ဝင်ထိုင်လိုက်ရင်း အမေ့ကိုစောင့်နေလိုက်သည်။ခဏနေတော့အမေဆင်းလာသည်။

"ရောက်လာပြီလား.."

"အင်း ရောက်ပြီ"

အမေကရှေ့တည့်တည့်ကဆိုဖာမှာဝင်ထိုင်သည်။

"ဘာဖြစ်လို့ခေါ်တာလဲ.."

"ထွေထွေထူးထူးမဟုတ်ပါဘူး..ဒီမှာငါ့မိတ်ဆွေရဲ့သား သူနဲ့သွားတွေ့လိုက်"

လက်ထဲမှာကိုင်ထားတဲ့ဖိုင်တစ်ခုကိုချပြသည်။အဲ့ဒီမိတ်ဆွေရဲ့သားဆိုသူရဲ့ ကိုယ်ရေးကိုယ်တာတွေပေါ့။ပြန်တွန်းပေးကာ တင်ကလိန်ချိတ်လိုက်သည်။

"အဟင်း အမေကသိပ်ဟာသတွေလုပ်တာပဲ သမီးယောက်ျားယူမယ်လို့ မပြောဖူးဘူးထင်တယ်နော်"

ထိုအချိန်အိမ်ကအလုပ်သမားမလေးကအချိုရည်လာချပေးသည်။

"နင်ယူမဲ့ မိန်းကလေးလည်းရှိတယ်လို့မကြားမိပါဘူး..."

"ဒါနဲ့ပဲ အမေကယောက်ျားယူမယ်လို့ကောက်ချက်ချပစ်လိုက်တယ်ဆိုပါတော့.."

"ဒါပေါ့.."

"အမေမှားသွားပြီ သမီးဘယ်မိန်းကလေးကိုမှလည်းမယူဘူး ဘယ်ယောက်ျားလေးကိုမှလဲမယူနိုင်ဘူး..အမေ့အကြံအစီတွေကိုဖျက်လိုက်တာအကောင်းဆုံးဖြစ်မယ်အမေ့"

"စတောင်မစရသေးဘူး ဖျက်လိုက်ရဖို့အတွက်စောနေတယ်မထင်ဘူးလား.."

"ငေး~~"Where stories live. Discover now