Unicode
Updateကနှစ်ရက်တစ်ခါသုံးရက်တစ်ခါတင်ပေးပါမယ်ရှင့် နောက်ကျသွားလို့ဆောတီးခ😁
ဂျူတီပြီးပြီမလို့ လက်ပွေနှိပ်လိုက်ပြီးပြန်အထွက်..
"ဒေါက်တာပြန်တော့မှာလား"
"အင်း ပြန်တော့မယ်ယဉ်ယဉ်"
"အမသံဇင်ခ လာကြိုမှာလား"
"ဟုတ်တယ်ယဉ်ယဉ် ဘာလို့လဲ"
"ဟီး ဟီး သိချင်လို့"
ချို့စိတ်ထဲမှ သက်ပြင်းမောတစ်ချက်ချရင်း အလုပ်အတက်အဆင်းမှတ်သည့်စက်တွင် လက်ပွေနှိပ်ကာထွက်လာလိုက်သည်။ဆေးရုံဝန်းထဲမှာပဲထိုင်စောင့်နေတော့မယ်။မဟုတ်ရင် ချိုစိတ်ညစ်လွန်လွန်းလို့။ကျန်တာမဟုတ်ဘူး။သံဇင့်ကြောင့် ချောသည့်လှသည့် သံဇင်နဲ့ချို့ကိုအောင်သွယ်ခိုင်းသည်မှာဆေးရုံတစ်ခုလုံးနီးပါး။ကျားကောမကောမကျန်။တစ်ကယ်ရုပ်ချောတဲ့သူငယ်ချင်းရှိတာဒီတစ်ချက်တော့မကောင်းတာအမှန်ပဲ။ချို့မှာမလှိမ့်တစ်ပတ်နဲ့ငြင်းရတာမောလှပြီ။ဒါတစ်နေ့လည်းမဟုတ် နှစ်နေ့လည်းမဟုတ်ဘူး။နှစ်ချီနေပြီနှစ်နော် နှစ်။တစ်ကယ်ကိုဇွဲကောင်းတဲ့သူတွေပင်။ချိုဖြင့်တစ်ကယ်သြချမိပါတယ်။
ဒီနေ့ပိတ်ရက်မလို့ ချို သံဇင့် တိုက်ခန်းကိုပြန်နားမည်။သံဇင့်မှာကိုယ်ပိုင်တိုက်ခန်းရှိလို့ နှစ်ယောက်တစ်ခန်းတူတူနေကြသည်။အဟိ သူတိုက်ခန်းငှားခသက်သာတာပေါ့။ခဏနေတော့ သံဇင့်ကားက ဆေးရုံဝန်းထဲဝင်လာသည်။သူအချိန်မဆွဲပဲ ကားဆီအမြန်ပြေးကာ အရှိန်နှေးနေတုန်းပြေးတက်လိုက်သည်။ချို့ပုံစံကနောက်က ကျားလိုက်နေသလိုပဲ။
"အမေ့!"
"အမလေး လန့်လိုက်တာသံဇင်ရယ်"
"ဟင် ပြေးတက်လာတာနင်လေ ဘာလို့နင်ကပြန်လန့်နေတာတုန်း"
"ဟဲ ဟဲ နင့်အစားလန့်ပေးတာ"
"ဖြစ်ရမယ် ငါဘယ်နှခါပြောရမလဲ ဒီလိုပြေးပြေးမတက်နဲ့လို့ အခန့်မသင့်ရင်...."
"အေးပါအေးပါ နောက်မလုပ်တော့ဘူး အခုတော့ပြန်အောင် night dutyမလို့အိပ်ချင်နေပြီ"
YOU ARE READING
"ငေး~~"