Unicode
ထမင်းဆိုင်ကိုရောက်တော့အကုန် ဆင်းကာဝိုင်းမှာသွားထိုင်လိုက်သည်။ဆိုင်လေးကတော်တော်စုံစုံရပါတယ် သပ်သပ်ရပ်ရပ်ကလေးနဲ့သန့်လဲသန့်ရှင်းတယ်။သို့ပေမဲ့ ခ ကထမင်းချိုင့်ဆွဲလာတော့ကြည်မကြည်တော့ ခ လဲမသိပေ။မကြည်ရင်လဲဘယ်တတ်နိုင်ပါ့မလဲ ချိုင့်ဆွဲပြန်ရုံပေါ့။
အသီးသီးမှာကာနေလိုက်ကြသည်။ဟင်းတွေဘာတွေလာချတော့ ခ လည်းချိုင့်ကိုဖြည်ကာတူတူချလိုက်သည်။
"အင့် စားကြည့် ငါ့အသိချက်ပေးလိုက်တာ"
ဟင်းခပ်ကာထည့်ပေးလိုက်တော့။ချို့မျက်လုံးအစုံနဲ့ ရှေ့ကမူဟန်ခြည့်မျက်လုံးအစုံဟာ ခ ထံကျရောက်လာသည်။ပြီးနောက် ချို့မျက်ဝန်းများတောက်လာတော့သည်။
"အယ်...ဟုတ်လို့လား ကောင်မလေးမလား နင်မညာနဲ့နော်ငါ့ကို.."
"မဟုတ်တာတွေပြောတော့မယ် စားစရာရှိတာစား.."
စကားလမ်းကြောင်းလွှဲလိုက်ရသည်။မဟုတ်ရင် ချို တစ်မျိုးတွေးနေတော့မည်။
"ဟွန့် အေးပါအေးပါ...ငါကလည်းငါ့ရီးစားအကြောင်းပြောပြမလို့ဟာကို အခုတော့ပြောမပြတော့ဘူး..."
ထမင်းနဲ့ဟင်းအနှစ်ကိုနယ်နေတဲ့လက်တွေကရပ်တန့်ကုန်သည်။လည်ချောင်းမှာလည်း ချောက်သွေ့လာကာအနေရခက်လာသည်။
"ဘယ်သူလဲ....ငါ့ကိုပြောပြလေ"
တစ်ကယ်ဆို့နင့်နင့်အသံနဲ့မနည်းအားယူကာမေးလိုက်သည်။
"အဟမ်း...အဲ့တာကလေ မူနဲ့ငါကချစ်သူတွေ"
မနေနိုင်စွာရှေ့မှာချထားတဲ့ရေခွက်ကိုကောက်သောက်လိုက်ရသည်။ငါပြောခဲ့ပါတယ်။နင်နဲ့ပတ်သတ်ရင်ငါမှန်းရင်လွဲခဲပါတယ်ဆို။
"ဘယ်လောက်ကြာပြီလဲ.."
သိချင်စိတ်နဲ့ ခေါင်းငုံ့ကာမေးလိုက်မိသည်။
"အာ...တစ်ကယ်တော့ဒီနေ့မှစတွဲတာ.."
"Congratulation နော်..."
ဘေးနားကရှက်နေသူဘက်ကိုလှည့်ကြည့်ကာ ပြုံးကာပြောလိုက်သည်။
"ငါသန့်စင်ခန်းခဏသွားလိုက်ဦးမယ်"
မျက်လုံးထဲမှာအရည်ကြည်များရစ်သိုင်းစပြုလာပြီမလို့ရှောင်ထွက်လာခဲ့သည်။
YOU ARE READING
"ငေး~~"