"ငေး~~"အပိုင်း(၁၈)

257 20 4
                                    

Unicode

"အလင်္ကာတေးချို!"

ချို့ကိုယ်ကလေးတုန်ခနဲပဲ။ဒီအသံ ဒီအသံက ကျွန်မရဲ့မူပိုင်ရှင့် အသံ။

"ဟင်!!...မဟုတ်ဘူးနော် မဟုတ်ဘူး အထင်လွဲနေတာ...မမလေးအထင်လွဲနေတာ.."

အပြေးအလွှားလေးသွားကာ ရှင်းပြမိသည်။ချို သူအထင်လွဲသွားမှာကိုကြောက်တယ်။

"မူဟန်ခြည်!!..."

ကိုယ့်ကိုအသာရယ် မျက်ခုံးပင့်ပြတာကြောင့် ခ ဒေါသတွေအလိပ်လိုက်ထွက်လာပြီးမှ မျိုချလိုက်ရတယ်။ချို့လက်ကိုဆွဲကာ ထွက်လာမိတယ်။ကားပေါ်မှာလဲ ခ စကားမပြောနိုင်ခဲ့ဘူး။အိမ်ရောက်တော့ ခ တစ်ခွန်းပဲပြောလိုက်သည်။

"ဆင်း!"

စကားသံအဆုံး ချို့မှာတွေဝေစိတ်နဲ့ဆင်းခဲ့ရပါရဲ့။အိမ်ဝင်ပေါက်ကိုဝင်နေတုန်းမှာပဲ ချို့ခန္ဓာကိုယ်လေးက ဆွဲလှည့်ခံလိုက်လေရဲ့။ပြီးနောက် ချို ရင်ခွင်ခပ်နွေးနွေးထဲကိုရောက်သွားတော့ မျက်လုံးလေးများပြူးကျယ်သွားရသည်။အကြောင်းကတော့ သူပြောသည့်စကားကြောင့်။

"ငါနင့်ကိုချစ်တယ် ချို~"

ချို့ကိုစကားပြောခွင့်မပေးဘဲ သူဆက်ပြောသည်။

"အရင်ကတည်းကချစ်တာ ခုထိပဲ..နောက်လည်းဆက်ချစ်နေအုံးမှာ.."

"အရင်ကလုပ်ရပ်တွေနဲ့လာကိုင်မပေါက်နဲ့ချို အဲ့တာနင်ထွက်သွားမှာဆိုးလို့ငါ့ကိုကြောက်အောင်လုပ်ခဲ့တဲ့ဟာတွေ..."

"နင်ထွက်သွားဖို့ကြံတယ်ဆိုရင်...ငါကတိရစ္ဆာန်ဖြစ်ဖို့လည်းဝန်မလေးဘူးနော်..."

"အဲ့တာကြောင့် ငါ့ရင်ခွင်ထဲမှာနေပြီး ငါ့စကားနားထောင်ပါချို..ထွက်သွားဖို့ကလွဲရင်အကုန်ဖြစ်စေရမယ်..."

ခ စကားအဆုံးမှာ ထွက်ပေါ်လာတဲ့ချို့ရဲ့စကားသံခပ်တိုးတိုး။

"ချို မယုံဘူး~"

"တောက်! မင်းကွာ..~"

ဆိုပြီး ခ မှာမချင့်မရဲဖြစ်သည်။

"သွားတော့! အခန်းထဲပြန်တော့~"

"......"

"ငါပြောနေတယ်လေ သွားတော့လို့!!!"

"ငေး~~"Where stories live. Discover now