7

2.7K 45 1
                                    

"ကဲ ရောက်ပါပြီဗျာ Patong Beach"
"ယေး ကိုကိုကို အချစ်ဆုံးဘဲ Mwah 😘 "
"ဟော တို့လင်မယားကျ မချစ်ဘူးဆိုတဲ့သဘောပေါ့ "
ဒယ်ဒီနဲ့မာမီက ပျော်တက်သူတွေဆိုတော့ တစ်ခါတစ်ရံထပြီးအရွှန်းဖောက်တက်သည်
" ဟာ ဘယ်ကလာ မာမီနဲ့ဒယ်ဒီကို ပိုချစ်တာ ပိုချစ်တာ "
" အဲ့တာဆို ကိုကိုကိုကျ ပိုမချစ်ဘူးပေါ့"
"ဟာ ဒီကိုကိုနဲ့ ဒီမာမီဒယ်ဒီ တို့ကို အချစ်ဆုံး ဟုတ်ပြီလား အများကြီး အများကြီးကိုချစ်တာ ကျေနပ်ကြပြီလားခ"
" ဟား ဟား ဟား ဟား "
Bkk မှာနေစဉ် အတွင်း အရမ်းပျော်ဖို့ကောင်းသည်
နွေးထွေးတဲ့မိသားစုဘဝ လေးကို ဒုတိယအကြိမ် ပြန်ရလိုက်သလိုပင် ခံစားရသည်.......
Beach မှာဘဲ ၂ ယောက်တစ်ခန်းစီယူပြီးညအိပ်ကြသည်
ညရောက်သောအခါ .........
ကိုကိုက ဒယ်ဒီနဲ့ အပြင်ခဏ လမ်းလျောက်မယ် ပြောတာကြောင့် ပန်တို့အခန်းထဲမှာ ဖုန်းသုံးရင်း နေခဲ့လိုက်သည်
"ဟယ်လို ကိုကိုပြောလေ ဘာလို့ဖုန်းဆက်တာလဲ"
"swimming pool နားခဏလာခဲ့ပါဦးပန် မာမီကိုပါ ခေါ်ခဲ့နော်"
" ဟုတ်ကဲ့ ကိုကို ခဏနေလာခဲ့မယ်နော်"
ပန်လည်း ပြင်စရာရှိတာပြင်ဆင်ပြီး မာမီတို့အခန်းဘက် ဝင်ခေါ်ပြီး Swimming pool နား ထွက်လာခဲ့လိုက်သည်
"မာမီ ဒီရေကန်နားရောက်မှ မှောင်သွားသလိုဘဲနော် ထိုင်းမှာလည်း မီးပျက်တာဘဲလားဟင် မြန်မာနိုင်ငံကခဏထွက်လာရလို့ မီးပျက်တဲ့ဒုက္ခ ဝေးပြီးထင်နေတာ "
"အဟက်ဟက် မဟုတ်ပါဘူးသမီးရယ် ဒီမှာမီးပျက်တယ်ဆိုတာ တော်တော်မှကိုရှားတယ် အထူးသဖြင့် ဒီလို hotel တွေမှာဆို ပိုတောင် မပျက်သေးတယ်"

ပန်တို့စကားပြောနေတုန်းမှာပင် မီးများ ထလင်းလာသည်
မီးကြိုးတန်းလေးတွေကနေ ဝါကျန့်ကျန့်မီးရောင်လေးတွေ တလက်လက် လင်းနေသည်မို့ မြင်သမျှ အရာအားလုံး မီးရောင်နဲ့လိုက်ဖက်စွာ လှပနေတော့သည်

ခြေလှမ်း ၁၀ လှမ်းခန့်လျောက်လာရင်း ဟိုးရှေ့က ခုံမြင့်လေးပေါ်မှာ လူ တစ်ယောက်သီချင်းဆိုနေတာကို မြင်နေရသည်
ပန်သိတာပေါ့ ဒါပန့်ရဲ့ ကိုကိုဘဲမဟုတ်လား
ကမ္ဘာကြီး ဟာအရာရာလွဲချော်နေရင်တောင်မှ ပန့်နှလုံးသားထဲမှာ တစ်ဦးထဲသာရှိသော ကိုကိုကိုတော့ အမြင်အာရုံနဲ့ဖြစ်စေ အကြားအာရုံနဲ့ဖြစ်စေ အထိအတွေ့အာရုံနဲ့ဖြစ်စေ ကိုကို မှန်းတိကျရှင်းလင်းစွာ သိပါတယ်

Koe Koe's BaeWhere stories live. Discover now