"ပန် ရေငါနင့်ကိုသတိရနေတာ"
"အတူတူဘဲ A ရယ် ငါလည်းနင့်ကို တွေ့ချင်နေတာ အခုကိုကိုကခေါ်လာတော့ အကိုက်ဖြစ်သွားတယ်"
"ငါနင့်ကိုအပြင်လိုက်ပို့မယ်ဟီးဟီး ဒါနဲ့ မိတ်ဆက်ပေးရဦးမယ် ဒါက ငါ့ရဲ့မမဝင့်ဝါတဲ့"
"ဟင် A မှာအမရှိတယ်လား"
"ဟာ ပန်ကလည်း အရင်းတော့မဟုတ်ဘူးလေ ဒီတိုင်းမမ ပြောရရင် ငါ့ရဲ့ချစ်သူပေါ့ဟာ"
"ကိုယ်ကြားမိပါတယ် တီလေးပြောပြထားလို့ ကိုယ်အရင် တီလေးနဲ့နေတုန်းက ဝင့်ဝါကတကယ့်ပေါက်စလေးဘဲရှိသေးတာ"
"မဆုံဖြစ်တာတောင် ကြာပြီနော် ကိုဥက္ကာ တွေ့ရတာဝမ်းသာပါတယ်"
"ဟုတ်ကဲ့ပါ ဝင့်ဝါရေ A ကိုသိပ်အလိုမလိုက်နဲ့နော် သူကအလိုလိုက်ထားလို့ရတဲ့ကလေးမဟုတ်ဘူး"
"ဟာ ကိုကြီးဥက္ကာကလည်း ဟိုကအလိုလိုမှအလိုလိုပါဆို"
"ဪ ကိုယ့်ညီမလေးအကြောင်းကိုယ်သိတော့ ပြောထားရတယ်လေ"
စကားစမြည်ပြောကြရင်း လေဆိပ်မှ A တို့အိမ်သို့ရောက်လာခဲ့ကြပြီ ဖြစ်သည်။
"ဥက္ကာနဲ့ပန်လေး ခရီးပန်းနေရောမယ် အပေါ်ထပ်မှာ အခန်းပြင်ထားတယ် နားလိုက်ကြဦးနော် A ရေသမီးကဘဲ တခါထဲလိုက်ပို့ပေးလိုက်ပါဦး"
"ဟုတ်ကဲ့ မာမီ"
"ဒီမှာ ဒါ ကိုကြီးနဲ့ပန်လေးရဲ့အခန်း မျက်နှာချင်းဆိုင်ကတော့ A အခန်းပေါ့ ပန်ညကျ ငါနဲ့လာအိပ်နော်"
"ဟင်..... ကိုကို ပန်သွားအိပ်လို့ရလား"
"ရပါတယ်ဗျာ.... ဒေါ်ဧကရီတို့တော့ ငါသိပ်မပြောချင်ဘူး ရောက်တောင်မရောက်သေးဘူး ပန်လေးကိုအပိုင်သိမ်းချင်နေပြီ"
"ဟီးဟီး .... ပန်လာ ငါ့အခန်းထဲဘဲ နင့်ပစ္စည်းတွေတခါထဲသယ်ခဲ့မယ် လာလာ"
"ကိုကို အဲ့တာဆို ပန် A နဲ့ဘဲအိပ်လိုက်တော့မယ်နော်"
"ဟုတ်ပါပြီဗျာ ညဉ့်နက်ထိမနေကြနဲ့ဦးနော် ၂ ယောက်သား"
"ဟုတ်ကဲ့ ကိုက်ို"
"ဟုတ်ပါပြီ ကိုကြီး"A ရဲ့အခန်းထဲသို့ရောက်ပြီး ပစ္စည်းများနေရာချကာ ကုတင်ပေါ်တွင် တဝကြီးပစ်လှဲချလိုက်သည်။