"ကြီးတင် ပန်အပြင်ခဏသွားလိုက်ဦးနော်"
"အေး သမီးလေ ဟိုဥက္ကာနဲ့ရောပြောပြီး..."
"မပူပါနဲ့ကြီးတင်ရဲ့ ပန်ကခဏဘဲသူငယ်ချင်းနဲ့သွားတွေ့မှာ ကိုကိုပြန်မရောက်ခင် ပြန်လာခဲ့မှာစိတ်ချ"At 8:30 pm
"တောက်စ်!!!!!!!!"
ဘေးနားမှာရပ်နေတဲ့ ကြီးတင်နဲ့ခြံစောင့်ဦးလေးကြီး ဦးပေါ ပါလန့်ကုန်ကြသည်
ပန်အစားရင်မောမိနေသူ နှစ်ယောက်ပင်
ဥက္ကာငယ်စဉ်ကလေးဘဝ ၁၀ နှစ်သားအရွယ်ထဲကအတူရှိလာကြသူများမို့ သည်ကလေးစိတ်ကို ကြီးတင်နဲ့ဦးပေါ ကောင်းကောင်းရိပ်စားမိလေသည်ဥက္ကာကလည်းငယ်ကတည်းကအတူရှိခဲ့ကြတဲ့သံယောဇဉ်ကြောင့် ဒီအရွယ်ထိတင်မက ကြီးတင်နှင့်ဦးပေါ၏ဘဝနေဝင်ချိန်ထိ တာဝန်ယူပြီးစောင့်ရှောက်မယ် ဆိုပြီး အနားမှာခေါ်ထားခဲ့ခြင်းဖြစ်သည်
Ring...... Ring.....
"ပြော နေရဲ တွေ့ပြီလား"
".......""အေး အဲ့နေရာကိုငါအခုလာခဲ့မယ်"
ကျွီ...... ဒိုင်း .....
"ဟာ ကို...ကို"စိမ်းကိုပြန်ပို့ပြီးပန်တစ်ယောက်ထဲ ကားမောင်းပြန်လာချိန်တွင် ကားရှေ့မှ ဒယိမ်းဒယိုင်လျောက်လာနေသော လူ ၃ ယောက်ထဲမှာ တစ်ယောက်ကို ပန်ကားနဲ့ အနည်းငယ်ပွတ်မိသွားသည် ထိခိုက်ရာမပြင်းသော်လည်း ပန်လန့်ပြီး ကားပေါ်ကဆင်းကာ တောင်းပန်စကားပြောမည်အပြု ထိုလူ ၃ ယောက်မှ ပန့်အား ရိသဲ့သဲ့စကားများဆိုကာဆွဲလားရမ်းလားစတင်ပြုတော့သည်။ ထိုထဲကတစ်ယောက်ကဓားမြှောင်ကိုင်ကာ ရန်ပြုနေသည်။
ပန်အကြောက်လန့်လွန်ပြီး အော်ဟစ်ရုန်းကန်ရင်းကိုကို တပည့်နေရဲမှ တစ်ဖက်က ၃ ယောက်လုံးကို အမှောက်ဝင်ထိုးပစ်သည်
ကောင်းလိုက်တဲ့လက်ရည် အဲ့တာကြောင့်လည်း ကိုကိုအနားမှာခေါ်ထားတာဖြစ်ရမည်၃ ယောက်လုံးလဲနေချိန်တွင် ဘယ်ချိန်ကတည်းကဝင်လာမှန်းမသိတဲ့ အရှိန်မြင့်ကားတစ်စီးက ထိုအမူးသမားများကို ဖြတ်တိုက်လိုက်သည်
အံ့ဩစွာကြည့်နေရင်းပင် ကိုကိုကားမှန်းသိလိုက်ရတော့ ပန်သွေးပြက်မတက် ပိုမိုထိတ်လန့်သွားရသည်
"ကို......ကို"
"နေရဲ ဒီကောင်တွေကို လက်ဖြစ်ဖြစ်ခြေထောက်ဖြစ်ဖြစ်ရိုက်ချိုးပြီးမှ လွှတ်ပေးလိုက် ငါစိတ်ချမယ်"
"ဟုတ်ကဲ့ပါ ဆရာ"