14

1.9K 46 0
                                    

"ကြီးတင်ရေ ဒီမှာကြီးတင်အတွက်ရော ကြီးတင်တို့အရီးအတွက်ရော စတော်ဘယ်ရီသီးနဲ့ယိုတွေဝယ်လာတယ်"
"ဟား သမီးပန်လေးပြန်ရောက်လာပြီပေါ့ ပျော်လို့ဝခဲ့ရဲ့လား"

"မေးမနေနဲ့ကြီးတင်ရင် ဟိုမှ နောက်တစ်ပတ်လောက်သာထပ်နေရင် ပန်လေးက ဖက်တီးဖြစ်တော့မှာ မြင်သမျှ အကုန်စားနေတော့တာ"
ဥက္ကာမှ ဝင်ပြောလိုက်သည်
"ဟာ ကိုကိုကလည်း အမြဲတမ်းဆို အဲ့လိုစားပါ့မလားလို့ တစ်ခါတစ်လေလေးမို့ကို"

"အော် ဒီကျန်တဲ့ မုန့်တွေကိုလည်း ခြံစောင့်တွေနဲ့တခြားအလုပ်သမားဦးလေးအန်တီတွေကို ခွဲဝေပေးလိုက်ဦးနော်ကြီးတင် ပန်အပေါ်တက် ရေမိုးချိုး နားလိုက်ဦးမယ်"

ကိုကိုကတော့ ရောက်တာနဲ့ ရုံအမြန်ပြန်ပြေးပြီး အလုပ်ကိစ္စ တွေပြန်စစ်ဆေး စီစဉ်ရသည်

ပန်လည်း အခန်းထဲပစ္စည်းတွေနေရာချပြီး ရေချိုးမယ် အလုပ် ဖုန်းလာလို့ ကောက်ကိုင်လိုက်သည်

"Hello ပန်လား"

"အေး မေလင်းပြောလေ ဒါနဲ့ ငါနင်တို့အတွက် ပြင်ဦးလွင်ပြန်လက်ဆောင်တွေပါတယ်နော် လာယူကြ"

"အေးယူမှာပေါ့ ဒါနဲ့အရေးကြီးတာငါပြောမို့ဟ ငါ့မွေးနေ့ အကြောင်းပေါ့ဟာ night out ထွက်မှရမှာနော်နင် club မှာလည်း ငါအကုန် booking ယူပြီးပြီး သူငယ်ချင်းဟောင်းတွေရော အကုန်လာကြမှာ သုတတိူ့လည်းလာမှာ"

"ဟင်ဟုတ်လား ပျော်စရာကြီး လာတော့လာချင်တယ် ဒါပေမဲ့ night out ဆိုတော့ ငါကြောက်တယ် ကိုကို့ကို ခွင့်မတောင်းရဲဘူး"

"အဲ့ တာဆိုခိုးထွက်ခဲ့ဟာ နင်ကလည်း ငါ့မွေးနေ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့နင် မပါရင် ငါစိတ်ဆိုးမှာနော်
နင့်ကိုကိုကို လည်းတစ်ခါထဲသာ ခေါ်ခဲ့လိုက်ဟေ့"

"ဟာ မေလင်းရယ် ခိုးထွက်ရင် ငါသေမှာပေါ့ဟ ကိုကိုအကြောင်းနင်လည်း သိသားနဲ့ ပြီးတော့ ကိုကိုကို ခေါ်ရင်လည်း လိုက်မှာမဟုတ်ဘူးဟ အဲ့လိုမျိုးတွေ သူသွားလေ့မှမရှိတာ"

"အဲ့တာဆို နင့်အိမ်လာပြီး ဖြိုးရယ်ငါရယ်သုတရယ် ခွင့်ကူတောင်းပေးရမလား"

Koe Koe's BaeWhere stories live. Discover now