"စားလေ Aကြိုက်တက်လို့သေချာလုပ်ထားတာ"
"ဟီး ဟုတ်မမ A ပန်ကိတ်ကြိုက်တာ မမကခုထိမှတ်မိသေးသားဘဲ"
"ဘာလို့မမှတ်မိရမှာလဲ A အကြိုက်တွေကအစA အကျင့်တွေအဆုံးမမကအကုန်သိပြီးသား"
"ဒီနေ့ အပြင်သွားစရာရှိတယ် A လိုက်ဖို့ပြင်ထား"
"ဟုတ်ကဲ့မမ ဘယ်သွားမှာလဲ"
"မမ ရဲ့ဒေါ်လေးတို့အိမ်ပါ ဒီနေ့ကပိတ်ရက်ဆိုတော့ အလည်သွားရင်း လက်ဆောင်လေးတွေသွားပေးမလို့ပါ မမလည်းမရောက်တာကြာပြီမို့"
"ဟုတ်မမ A လိုက်လို့အဆင်ပြေပါ့မလား မသိတဲ့လူတွေနဲ့ဆို ကြောက်လို့"
"ဘာမှ မပူနဲ့ မမတစ်ယောက်လုံးရှိတယ်လေ ဟိုကျမိတ်ဆက်ပေးမယ် A ခင်တောင်ခင်သွားဦးမှာ သူတို့အိမ်မှာ ကလေးတွေလည်းအများကြီးဘဲ"
မာမီနှင့်သူ့မောင်လေးက အလုပ်ကိစ္စဖြင့် ၁ လလောက်ခရီးထွက်ရတာမို့ A ကိုမမဝင့်ဝါအိမ်မှာအပ်ထားခဲ့ခြင်းဖြစ်သည်။ ငယ်ကတည်းက တစ်နှစ်ကို ၂-၃ ကြိမ်လောက်မာမီဒီလိုခရီးထွက်နေကျဆိုတော့ A အတွက်သိပ်မထူးဆန်းတော့ပေ"
ဒေါ်လေးအိမ်သို့ရောက်သော်
"သမီးလေးဝင့်ဝါ ရောက်လာပြီလား တစ်ခါတစ်ခါလာဖို့ကိုနော် ဒေါ်ဒေါ်မှာမျှော်လိုက်ရတာ အလုပ်ရှုပ်နေမှာစိုးလို့ ဖုန်းနဲ့လည်းလှမ်းမခေါ်ရဲ"
"ဟုတ်ပါဒေါ်လေးရယ် နောက်ပိုင်း Daddy အလုပ်တွေပါ ကူပေးနေရတော့လေ သိပ်အချိန်မရလို့မလာဖြစ်တာ စိတ်ကတော့အမြဲလာချင်နေတာ"
"ဟုတ်ပါပြီ ဒါနဲ့ သူက..."
A ဘက်ကိုမေးငေါ့ကာ မေးလာသော ဒေါ်လေး
"မိတ်ဆက်ပေးရဦးမယ် သူ့နာမည်က ဧကရီတဲ့ အိမ်ဘေးက အန်တီမြင့် သမီးလေးဒေါ်လေးရဲ့"
"ဪ မြင့်သမီးလေးလား ကြည့်ပါဦးအပျိုကြီးကိုဖြစ်လို့ လှလာလိုက်တာ ဒေါ်ဒေါ်ဖြင့်လေ ဧကရီလေးဟိုးပေါက်စထဲကမြင်ဖူးတာဆိုတော့ မမှတ်မိဘူးရှာဘူးကွယ်"
"ဟီး ဟုတ်ကဲ့ပါ ဒေါ်ဒေါ် တွေ့ရတာဝမ်းသာပါတယ်ရှင့်"
"တီတီရေ သားတို့အတွက်ဘာပါလဲ / မီးတို့အတွက်ရော ဘာပါလဲတီတီ"