At 6 am;....
"ပန်လေး ထတော့ .... ကလေးလေး ... ကိုကို့ကလေးလေး ထပါလို့ မိုးလင်းနေပြီ"
"ဟင် ..... ဟာ ကိုကိုကလည်း မနက်၆ နာရီဘဲရှိသေးတယ် အစောကြီးဘဲ ဘာလို့နှိုးနေတာလဲလို့"
"ကိုကိုနဲ့အတူတူ company ကိုလိုက်ခဲ့ရမယ်လို့ပြောထားတယ်လေ မေ့နေတာလား"
"ကိုကိုကလည်း company က ၉ နာရီမှသွားရမှာလေ ဘာလို့ ၆ နာရီထဲကနှိုးနေတာလဲ....အင့်..."
အိပ်ယာထဲမှ မျက်လုံးမဖွင့်ဘဲ ငြီးငြူနေသော ပန်လေးကိုကြည့်ပြီး ဥက္ခာသက်ပြင်းချမိသည်။
"ပြင်စရာရှိတာ ပြင်ဆင်ဖို့အချိန်လိုတယ်လေ ပန်လေးရဲ့ ဒီလောက်စောထမှကွက်တိဖြစ်မှာလေကွာ"
"ကိုကိုဘဲပြင်ထားလိုက်နော် ပန်ကို ၈ ခွဲမှလာနှိုးပါနော် အိပ်ချင်လို့ခဏဘဲ"
"ဖြန်း.....ဖြန်း"
ဘောင်းဘီကိုဆက်ခနဲဆွဲချွတ်ပြီး တင်ပါးပေါ်သို့ရိုက်ချလာသည်။
"အား..... ကို...ကို ဘာ..ဘာလို့ရိူက်တာလဲ ဟင့်"
"ကောင်းကောင်းပြောနေရင် နားမလည်ဘူး ပန်တို့ကအသားလေးကိုနာလိုက်ရမှ ဟုတ်လား"
ရိုက်လိုက်တာနှင့် ငုတ်တုတ်ထထိုင်လျက်သားဖြစ်သွားပြီး တင်ပါးလေးအားပွတ်နေမိသည်။
"မ....မဟုတ်ပါဘူး ပန်က နည်းနည်းစောသေးတယ်လားလို့ပါ"
"အဲ့တာတွေပြောမနေနဲ့ သွားပြီးသန့်ရှင်းရေးလုပ်ခဲ့ မကြာသင့်ဘဲကြာနေရင် ကိုကိုနဲ့ထပ်တွေ့မယ်"
"ဟွန့်...."
စောစောစီးစီး သူများအသားကို နာအောင်ရိုက်တယ် လူဆိုးကြီး အကျင့်ကိုမကောင်းဘူး ဆိုပြီး ပန်စိတ်ထဲကကျိန်ဆဲနေမိသည်
"ကုတင်ပေါ်က ဆင်းတာနဲ့ အဲ့ဒီမျက်နှာပေးမပြောင်းသေးဘူးဆို နာဖို့သာပြင်ထားနော် ပန်လေး ကိုကိုကြည့်နေမှာ"
"ဟီးဟီး..... ပန်ဘာမှဖြစ်ပါဘူးကိုကိုကလည်း မနက်စောစောထရတော့ စိတ်ကိုကြည်လင်နေတာဘဲ နောက်ရက်ကျလည်း စောစောထတော့မယ်နော် ဟီး"
လူကိုမျက်နှာချိုသွေးပြုံးဖြီးပြပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားသော ကောင်မလေးကိုကြည့်ရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။