15

1.9K 55 0
                                    

"ဒါအပြင်သွားမဲ့ ပုံစံလား ပန်လေး"
အနက်ရောင် ကိုယ်ကြပ် dress လေးကို ပေါင်လယ်ထိတိုထားရုံသာမက လည်ပင်းနဲ့ကျောဘက်ကပါအတော်လေးဟိုက်နေသေးသည်
ဆံပင်ကိုခပ်မြင်မြင့် စုစည်းထားပြီး နဖူးမှာ သိမ်းမနိုင်တဲ့ဆံသားနုလေးတွေ အစီအစဉ်မကျ ရှုပ်ယှက်နေပေမဲ့ ချစ်စရာကောင်းမှုတွေဟာပျောက်မသွားသေး

"ဟုတ်ကိုကို night party ဆိုတော့လေဒါလေးရွေးလိုက်တာ"

"ကိုကိုသိပ်တော့မပြောတော့ပါဘူး ခုခေတ်ကလေးတွေဒီလိုဝတ်ကြတာပုံမှန်ပါဘဲ ဂရုစိုက်နော် ပန်လေး ကိုယ်စောင့်နေမယ် ကိုယ်မှာထားတာမမေ့နဲ့နော် ကားကိုသေချာမောင်းသွား အိမ်ရှေ့မှာ မေလင်းနဲ့ဖြိုးစောင့်နေပြီ"

"ဟုတ်ကဲ့ကိုကို ညဉ့်နက်တဲ့အထိ စောင့်မနေနဲ့နော် အိပ်နှင့်ပါ သွားပြီနော်ကိုကို Mwah 😚 ချစ်တယ်"

သူ့အပေါင်းအသင်း သူ့အရွယ်နှင့်သူ မို့သိပ်မတားချင်လို့သာလွှတ်လိုက်ရပေမဲ့ စိုးရိမ်စိတ်ကတော့ မလျော့နိုင်ပေ
ကိုယ့်အတွက် တော့ အမြဲကိုယ်ဂရုစိုက်ယုယနေရတဲ့ မြတ်နိုးစရာ ပန်းလေးတစ်ပွင့်လေ

"ဟာ ပန်ပန်က အရမ်းလှနေပါ့လားဟေ့"

"မနောက်စမ်းပါနဲ့သုတရယ် ပုံမှန်ပါဘဲငါ"

Happy Birthday Dear MayLinn ..... HAPPY BIRTHDAY TO UUUU..... ဝူဟူးးးးးးးးး

"အားလုံးဘဲ one shot နော်" ဆိုပြီး waiter စပ်ပေးထားတဲ့ volka ကို ခွက်ချင်းတိုက်ပြီး သောက်လိုက်ကြသည်

ကိုယ့်ကိုကိုယ်တောင် ဘယ်လောက်သောက်မိမှန်းမသိလိုက်ခင်မှာပင် ပန် အတော်မူးသွားခဲ့သည်

"ပန် ပန် မူးနေပြီလား"

"ဘယ်ကလာ နင်တို့ကလည်း မူးပါဘူး ထပ်သောက်ကြမယ်"

"တော်ပြီ ပန်ရေ နင့်ကိုကိုဆီပြန်ပို့ရမှာကို ငါတို့လန့်လာပြီ ဒီလောက်ဂျွမ်းပြန်နေတာကို ထပ်သောက်ချင်နေသေးတယ်"

"၁ နာရီလည်းခွဲပြီဆိုတော့ ငါတို့ပြန်ကြရအောင်သုတ
ပန့် အိမ်ဘက်လည်းငါတို့ဝင်ပို့ရဦးမှာမို့"

"ပန်ကားပါလာတယ်မလား သူမောင်းနိုင်မဲ့ပုံမပေါ်ဘုး ငါသု့ကားမောင်းပို့ပေးမယ်လေ"

"အေးကျေးဇူးဘဲဟာ အဲ့လိုလုပ်ရအောင် ပန်ကအတော်မူးနေတာ လမ်းတောင်မလျှောက်နိုက်ဘူး"

အိမ်ရှေ့မှ ကားသံကြားရတော့ အိပ်မပျော်သေးတဲ့ဥက္ကာလည်း ပန်လေးအထင်နဲ့ဝရံတာမှထွက်ကြည့်မိတော့
ထင်တဲ့အတိုင်း ဒီကောင်မလေးပါဘဲ
သူ့ကိုတွဲထားတဲ့ ဘေးကကောင်လေးက ဟိုသုတ ဆိုတဲ့ကောင်လေးမဟုတ်လား
ခပ်မြန်မြန်ဘဲ အောက်ဆင်းသွားလိုက်သည်

"ကို ဥက္ကာ ပန့်ကို ထားခဲ့တော့မယ်နော် လာသုတ ကိုဥက္ကာကို ပေးခဲ့လိုက်တော့ ပြန်ရအောင်"

သုတလည်ပင်းကို တွဲခိုလာသော ငမူးမလေးအား ကိုယ့်နဲ့ထားပြီး ခပ်မြန်မြန်ပြန်သွားကြလေသည်

"ပြန်လိုက်ဦးမယ်ဗျ အကို"

"အေးအေး ငါ့ညီတို့ အကုန်ဂရုစိုက်ပြန်ကြနော်"

ညကြီးမင်းကြီးတောင် ကိုယ့်ကိုဒေါသထွက်အောင်လုပ်နေတဲ့ လက်ထဲက အမူးသမားလေး

"အွန်း ကိုကိုလား ကိုကိုဆို ပန့်ကိုအာဝါးပေးပါဦး"

မပီတပီ အမူးသမားလေသံနဲ့ တောင် သူ့မှာချွဲကောင်းနေပုံ

"အမူးသမားကို မနမ်းဘူး"

အိပ်ယာပေါ် ဘုန်းခနဲ လှဲချလိုက်ပြီး အကျီတွေ အကုန်ဆွဲချွတ်နေတဲ့အဆိုးလေးကို ကိုယ်ဘဲ အဝတ်စားလဲပေးဖို့လုပ်ရတော့သည်

လူကိုယ်ဘယ်သူမှတ်လို့လဲမသိ "မထိနဲ့ မထိနဲ့" ဆိုပြီး ဥက္ကာရင်ဘက်ကို သူ့ခြေထောက်တွေနဲ့ ကန်နေတော့သည်

ဒီလောက်တောင် ရုန်းကန်နေတာ စိတ်မရှည်လာသဖြင့်
ခြေသလုံးသားကို အားထည့်ပြီးလိမ်ဆွဲလိုက်မိသည်

တကယ်က အခုကိုထရိုက်ချင်နေတာ သူမူးနေလို့သာ

"အ့ ဟင့်ဟင့် နာတယ် ငါ့ခြေထောက်ကို ခွေးကိုက်တယ်"

မူးမူးရူးရူးနဲ့ ဘေးကလူပါခွေးဖြစ်ခိုင်းသေးတာ

မနက်မှဘဲ ရှင်းကြသေးတာပေါ့ ပန်ရာ လို့စိတ်ထဲကြိမ်းထားလိုက်မိသည်

Koe Koe's BaeWhere stories live. Discover now